
သံပရိုရေနွေးကို ပိုက်နဲ့စုပ်သောက်တာ ပိုကောင်းပါလိမ့်မယ်။အူရှင်းစေဖို့၊ ဝိတ်ကျစေဖို့ ရည်ရွယ်ချက်နဲ့ ယနေ့အချိန်မှာ သောက်သုံးသူများပြားတဲ့ သံပရိုသီးရေနွေးဟာ အများကြီးသောက်လို့ သင့်လျော်တဲ့အရာမဟုတ်ပါဘူး။ သောက်တာများလာရင် ကျန်းမာရေးကို ထိခိုက်လာစေမှာပါ။ ခန္ဓာကိုယ်ပိန်သွယ်ပြီး လှပဖို့ထက် ကျန်းမာရေးက အရေးကြီးတယ်မဟုတ်လား။ ဒီတော့ ချင့်ချိန်သောက်ဖို့ အကြံပေးပါရစေ။
၁။ ရင်ပူခြင်း
ရေဖြစ်စေ ရေနွေးထဲဖြစ်စေ သံပရိုသီးထည့်သောက်ခြင်းဟာ ရင်ပူရင်ဆာ ဖြစ်စေသလို ဒီ့ထက်ဆိုးလာရင် ရင်တုန်တာတွေဖြစ်လာနိုင်ပါတယ်။ အကြောင်းရင်းကတော့ သံပရိုရေနွေးဟာ ခန္ဓာကိုယ်ကို အယ်လ်ကာလိုင်းသက်ရောက်မှုဖြစ်စေပြီး အက်ဆစ်ဓာတ်ကလည်း ကျန်နေသေးတာကြောင့် ရင်တုန်မှုဖြစ်စေတာပါ။
၂။ သွားပျက်စီးခြင်း
သံပရိုသီးရဲ့အက်ဆက်ဓာတ်က သွားတွေကိုလည်း ကောင်းကျိုးမပေးပါဘူး။ သွားကြွေလွှာကို တိုက်စားသွားလို့ ပူတဲ့၊အေးတဲ့ အစားအစာနဲ့ အရည်တွေကို မသောက်နိုင်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်ရပ်လျော့ကျစေဖို့ဆိုရင် သံပရိုရေနွေးကို ပိုက်နဲ့စုပ်သောက်တာ ပိုကောင်းပါလိမ့်မယ်။
၃။ ဆီးသွားခြင်းနဲ့ရေဓာတ်ခမ်းခြင်း
သံပရိုသီးဟာ ဗီတာမင်စီ များစွာပါဝင်တဲ့အသီးပါ။ ဆီးရွှင်စေပါတယ်။ ဆီးသွားတာများလာရင် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုတ်ယုတ်လာပါတယ်။ ဒါကြောင့်မို့လို့လည်း သံပရိုရေနွေးသောက်သူတွေဟာ ရေဓာတ်ပြည့်အောင်လည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။
Leave a Reply