
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ တနင်္ဂနွေ နေ့မှာဆိုရင်တော့ အာဂျင်တီးနား နိုင်ငံအနောက်ပိုင်းက သဲကန္တာရထဲမှာ ကလေးငယ်တဦး နှစ်ဆယ့်လေးနာရီလောက် ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒီကလေးငယ်လေးရဲ့ နာမည်ကတော့ ဘင်ဂျမင် ဆန်းချက်ဇ်ဖြစ်ပြီး သူဟာ မိသားစု အပန်းဖြေခရီးထွက်လာစဉ် မိခင်ဖြစ်သူနဲ့ တူတူပုန်းတမ်းကစားရင်း ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။
၎င်းကလေးငယ် ပျောက်ဆုံးသွားခဲ့တဲ့နေရာဟာ ပူးမားကျားသစ်ရိုင်းတွေ ကျက်စားလေ့ရှိတဲ့ နေရာဖြစ်ပြီး အပူချိန်ဟာဆိုရင်လည်း နေ့ဘက်မှာဆို ပျမ်းမျှ အပူချိန် ၈၆ ဒီဂရီဖာရင်ဟိုက် ရှိပြီး ညဆိုရင် သုည အမှတ်လောက်ထိ အေးတယ်လို့သိရပါတယ်။
အဲ့ဒီနောက်မှာတော့ ကလေးရဲ့မိခင်ဟာ သက်ဆိုင်ရာကိုတိုင်တန်းခဲ့တဲ့အတွက် လူပေါင်း ၁၀၀၀ ဝန်းကျင်လောက်နဲ့ ဝိုင်းဝန်းရှာဖွေခဲ့တဲ့အခါ သူပျောက်သွားတဲ့နေရာရဲ့ ၁၃ မိုင်အကွာလောက်က သစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာ ကလေးငယ်လေးကို ပြန်တွေ့ခဲ့ပါတယ်။
ပြန်တွေ့ခဲ့ချိန်မှာတော့ ကလေးငယ်လေးဟာ ရေဓာတ်ချို့တဲ့တဲ့ ဝေဒနာကိုခံစားနေရတာကြောင့် အရမ်းနွမ်းနယ်နေပြီး ရေကိုပဲ အငမ်းမရတောင်းသောက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၎င်းကလေးငယ်လေးကို မေးမြန်းကြည့်တဲ့အခါမှာဆိုရင်လည်း မေမေနဲ့ ပြေးတမ်းလိုက်တမ်းကစားနေရင်းနဲ့ သားလမ်းပျောက်သွားတယ် အစကတော့ မေမေရဲ့အသံကို ကြားရသေးတယ် နောက်သားမေ့မေ့ကိုအော်ခေါ်နေပေမယ့် မေမေ့ရဲ့ပြန်ထူးသံကို မကြားရတာကြောင့် ဟိုးအဝေးကြီးက အလင်းရောက်တွေ့တဲ့နေရာဆီ သားလျှောက်သွားခဲ့တယ်။
သားလမ်းပျောက်နေတဲ့အချိန်အတွင်းမှာဆိုရင်လည်း သားမြက်တွေကိုစားတယ် စမ်းချောင်းလေးတခုတွေလို့ အဲ့ကနေ ရေခပ်သောက်တယ် ညဘက်လဲရောက်ရော အရမ်းအေးလို့ သားအိပ်လို့မရတာကြောင့် ကျောက်တုံးကြီး တစ်တုံးကိုပဲမှိပြီး သားနေခဲ့ရတယ်၊ အဲ့အချိန်တွေက သားအရမ်းကြောက်တာပဲ ။ဒါပေမယ့် အခုမေ့မေ့ကို ပြန်တွေ့ရတော့ သားအရမ်းပျော်သွားတာပဲ “ လို့ပြန်လည်ပြောဆိုခဲ့ပါတယ်။
ဒီကလေးရဲ့ အခုလိုစကားသံတွေကို ကြားခဲ့ရတဲ့ မိခင်အမျိုးသမီးဟာဆိုရင်လည်း မျက်ရည်မဆည်နိုင်ဘဲ သားလေးကိုထွေးပွေ့ပြီး ငိုကြွေးနေခဲ့တယ်လို့သိရပါတယ်။
Leave a Reply