သေးငယ်လွန်းတဲ့စေ့စပ်လက်စွပ်ကြောင့် အကြင်နာမဲ့စွာလှောင်ပြောင်ကဲ့ရဲ့ခံခဲ့ရတဲ့ သတို့သမီး

လူတော်တော်များများအတွက် စေ့စပ်လက်စွပ်တစ်ကွင်းဟာ ထူးဆန်းတဲ့အယူအဆရှိနေတတ်ပါတယ်။သင့်ရဲ့သက်ဆိုင်သူရှိနေပြီဆိုတာကို လူတိုင်းသိစေဖို့ သင်္ကေတအဖြစ် လက်စွပ်ကို အဓိကဖော်ပြတတ်ကြပါတယ်။စေ့စပ်လက်စွပ်ဟာ လူအချို့အတွက် လက်ထပ်ထိမ်းမြားခြင်းရဲ့အရေးကြီးဆုံးအရာတွေထဲမှ တစ်ခုအပါအဝင်ပါ။

အထူးသဖြင့် စိန်အရွယ်အစားနှင့်ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အရေးပါမှုကို ဖော်ပြကြသလို သာမန်ထက်သာတဲ့လက်စွပ်တစ်ကွင်းဟာ သူတို့ရဲ့မြတ်နိုးတန်ဖိုးထားမှုကို ကိုယ်စားပြုနေတတ်ပါတယ်။၎င်းအကြောင်းအရာများနှင့်အတူ သတို့သမီးလောင်းတစ်ဦးက သူမရဲ့သေးငယ်တဲ့စေ့စပ်လက်စွပ်ပုံကို social media မှာမျှဝေခဲ့ပြီးနောက်မှာတော့ သူမဟာ အကြင်နာမဲ့စွာ ကဲ့ရဲ့လှောင်ပြောင်ခံခဲ့ရပါတယ်။အဆိုပါလက်စွပ်ဟာ ဒေါ်လာ ၁၃၂ ကုန်ကျပြီး ရွှေ ၁၄ ကာရက် ရစ်ပတ်ထားကာ မျက်နှာပုံမှာ စိန်တစ်ပွင့်ပါရှိပါတယ်။

သတို့သမီးလောင်းက သူမဝမ်းမြောက်ပျော်ရွှင်ရကြောင်းကို ” ကျွန်မကောင်လေးနဲ့ကျွန်မက ဒီလက်စွပ်လေးကို onlineမှာ မှာယူခဲ့တာ ကျွန်မ ဒီအရာလေးကို အရမ်းသဘောကျတယ်” လို့ ဆိုရင်း မျှဝေခဲ့တာပါ။သို့ပေမဲ့ သူမရဲ့ post ကို လူရာပေါင်းများက လှောင်ပြောင်ခဲ့ပြီး သူမရဲ့လက်စွပ်ကို အထင်မကြီးမိကြောင်း မှတ်ချက်တွေ နဲ့ အမျိုးသမီး အချင်းချင်းထောက်ခံပေးရမဲ့အစား သူမရဲ့လက်စွပ်ကို သတ္တုပါး၊ သော့ကွင်းနှင့် စက္ကူကလစ်များဖြင့် နှိုင်းယှဉ်ခဲ့ကြပါတယ်။

” သော့ကွင်းမှာ ဘာလို့စိန်ပွင့်သေးသေးလေးကပါနေတာလဲ” ၊ “ဒါက သေးငယ်လွန်းတယ် မင်းဝတ်ထားတဲ့အခါစိတ်အနှောင့်အယှက်မဖြစ်ဘူးလား “။” ကမ္ဘာ့အဆင့်မီ ရူပဗေဒပညာရှင် နဲ့ နက္ခတ္တဗေဒပညာရှင်တွေကို ငါစုရုံးခဲ့ပါတယ် ၊ ငါ မင်းရဲ့လက်စွပ်ကို မြင်နိုင်ဖို့အတွက် ကိရိယာတန်ဆာအသစ်တွေ တီထွင်နေတယ်” စတဲ့ အကြင်နာတရားမဲ့တဲ့မှတ်ချက်များစွာ ပေးခဲ့ကြပါတယ်။လူတိုင်းဟာ ကိုယ့်ကိုကိုယ်အား ၎င်းကဲ့သို့သော လူနေမှုစရိုက်ပုံစံအတိုင်း ပုံမသွင်းထားသင့်ပါဘူး။

သိုပေမဲ့လည်း အဆိုပါသတို့သမီးကတော့ သူမရဲ့လက်စွပ်ကိုအားရကျေနပ်နေခဲ့ပါတယ်။တကယ်တော့ စေ့စပ်လက်စွပ်ကို သင်္ကေတတစ်ခုအဖြစ်ဘဲ သတ်မှတ်ထားရင်တော့ စိန်ပွင့်ကြီးမှ ၊ လက်စွပ်ကွင်းထူမှ ၊ ရွှေဖြစ်မှ ၊ ငွေဖြစ်မှ စတဲ့ အယူအဆတွေက အရေးကြီးမှာ မဟုတ်ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*