သေလောက်အောင် ရေစီးကြမ်းတဲ့ မြစ်ထဲကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့တဲ့ ပန်ဒါလေး (ဗီဒီယို)

အဂါင်္နေ့တုန်းက တောရိုင်းပန်ဒါတစ်ကောင်ဟာ တရုတ်ပြည်ရဲ. မြစ်တစ်ခုထဲမှာ မျောပါလာပြီး အသက်မသေပဲ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ရေအားလျှပ်စစ် ထုတ်ဝေရေးစခန်း အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီရေစီးသန်တဲ့ မြစ်ထဲမှာ ပန်ဒါအရိုင်းတစ်ကောင် မျောပါလာတာပါ။ ပန်ဒါလေး အသက် ၄ နှစ်အရွယ်ခန့် ရှိပြီဖြစ်ပြီး လွတ်မြောက်ဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူက တောထဲ ပြန်သွားနိုင်ဖို့ မဖြစ်နိုင်ပဲ ကွန်ကရစ်တုံးကြီးတွေကြားမှာ လမ်းပျောက်နေခဲ့ပါတယ်။ တာဝန်ရှိသူတွေက သူ့ကို မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းပြီး အဲ့ဒီနေ့ည ကိုးနာရီခွဲလောက်မှာ တောထဲကို ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ပျော်ရွှင်စရာ အဆုံးသတ်လို့ ဆိုရမှာပါ ၊ အောက်က ဗီဒီယိုမှာတော့ သူ့ရဲ. စွန့်စားခန်းကို မြင်ရမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*