သေမယ့်နေ့မှစစ်ထဲဝင်မိတဲ့တရုတ်ပြည်ကခါးပိုက်နှိုက်

အမျိုးသားတစ်ယောက်က Xiao jia လို့ခေါ်တဲ့မိန်းကလေးရဲ့အနောက်ကနေပြီး အိတ်ကပ်ထဲက I Phone အားလှမ်းနှိုုက်နေတဲ့အမျိုးသားပုံကိုအမိအရ ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်။ Xiao Jia ဟာ ဖေဖော်ဝါရီလ(၃)ရက်နေ့ ကZhuzhou မြို့မှာသူမရဲ့သူငယ်ချင်းနဲ့ ကြက်တောင်ပံကိုတပျော်တပါးကြီးစားနေကြတုန်း အခုလိုမျိုးအနှိုက်ခံရတာဖြစ်ပါတယ်။

Jia ရဲ့သူငယ်ချင်းဖြစ်တဲ့ Yueက Jia နဲ့တူတူလမ်းလျှောက်ရင်းကြက်ကြော်ကိုစကားတပြောပြောစားလားကြရင် Yue လို့ခေါ်တဲ့ကောင်လေးကရုတ်တရက်အကြံပေါ်လာပြီး နောက်ပြန်လှည့်လျှောက်သည့်အနေအထားဖြင့် Jia ကိုလှမ်းပြီး ဓာတ်ပုံရိုက်လိုက်ပါတယ်။ ကံကောင်းချင်တော့ Yue ဓာတ်ပုံရိုက်လိုက်တဲ့အချိန်ဟာ Jia ရဲ့အိတ်ကပ်ထဲကနေ ခါးပိုက်နှိုက်တစ်ယောက်က သူ့ကိုဘယ်သူမှမမြင်ဖူးဆိုပြီးခါးပိုက်နှိုက်နေတဲ့အချိန်ဖြစ်ပါတယ်။

 

ပထမဓာတ်ပုံမှာတော့ အဲ့ဒီလူရဲ့မျက်နှာတစ်ဝက်ပါပြီးတော့ ထိုသူဟာ အမဲရောင် ဂျားကတ်ကိုဝတ်ဆင်ထားပါတယ်လို့ South China Morning Post မှာရေးသားဖော်ပြထားပါတယ်။ “ကျွန်မသူငယ်ချင်းကဘယ်အချိန်ဘဲဖြစ်ဖြစ် ဘယ်နေရာဘဲဖြစ်ဖြစ် ကျွန်မပုံဆိုးပန်းဆိုးဖြစ်နေတဲ့အချိန်ဆိုတိတ်တိတ်လေး အမြဲတမ်းဓာတ်ပုံရိုက်တက်ပါတယ်” လို့ Jia ကသူမရဲ့ဖုန်းပျောက်ပြီး နှစ်မိလောက်အကြာသူမသူငယ်ချင်းက အဲ့ဒီရုတ်တရက်ရိုက်လိုက်မိတဲ့ဓာတ်ပုံကို ပြလိုက်တဲ့အချိန်မှာပြောပါတယ်။ ရဲတွေကို၄င်းဓာတ်ပုံပြပြီး ခြေရာခံလိုက်ခဲ့ရာမှာတော့ ဖြစ်ရပ်ဖြစ်ပွားပြီး သုံးရက်အကြာမှာ တရားခံခါးပိုက်နှိုုက်ကိုဖမ်းဆီးမိခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*