သေဆုံးသွားခဲ့သော သခင်၏ ၂နှစ်အရွယ်သားငယ်ရဲ့ အုတ်ဂူလေးထက်မှ တစ်ဖဝါးမှမကွာ မိဘဖြစ်သူတို့ထက်ပင် ပို၍ခံစားနေခဲ့သည့် ခွေးကလေး
ဗီယက်နမ်နိုင်ငံ Long Anပြည်နယ်မှ ခွေးကလေး၏ သခင်ဖြစ်သူတို့အပေါ်ထားရှိသော သံယောဇဥ်လေးဟာ လူအများကို အံ့သြစေခဲ့ရပါတယ်။ခွေးကလေးဟာ သူတို့မွေးမြူထားသည့် သခင်ဖြစ်သူ၏နေအိမ်မှ သခင်ဖြစ်သူ၏ အသက်၂နှစ်အရွယ်သာရှိသေးသည့် သားငယ်လေးဟာ မထင်မှတ်ဘဲ ရုတ်တရက်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် မိသားစုဝင်တို့ကလည်း ကလေးငယ်လေးကို စျာပနာအခမ်းနားကျင်းပပေးခဲ့ပြီး အုတ်ဂူလေးတည်ထားခဲ့တာဖြစ်ပါတယ်။ခွေးကလေးဟာ သခင်ဖြစ်သူ၏ သားငယ်လေးကို အလွန်ချင်ခင်နေခဲ့သည့်အတွက် ကလေးငယ်၏ အုတ်ဂူလေးထက်မှ တက်အိပ်နေခဲ့ပြီး ဝမ်းနည်းပူဆွေးနေခဲ့တာဖြစ်ပါတယ်။
အုတ်ဂူလေးပေါ်တွင် အိပ်နေရင်းဖြင့် ခေါင်းလေးစိုက်ကာ ကြည့်နေခဲ့ပြီး စကားမပြောတတ်သော်လည်း ခွေးကလေးဟာ ဘယ်လောက်ပူဆွေးနေရမလဲဆိုတာ မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။
Zawgyi
Leave a Reply