သေဆုံးသွားခဲ့တဲ့ ကလေးငယ်တွေအတွက် ဆောက်လုပ်ပေးထားတဲ့ ကျောချမ်းဖွယ်ကောင်းလွန်းတဲ့ ကစားကွင်း

သေဆုံးသွားခဲ့တဲ့ ကလေးငယ်တွေအတွက် ဆောက်လုပ်ပေးထားတဲ့ ကျောချမ်းဖွယ်ကောင်းလွန်းတဲ့ ကစားကွင်း

ဒီရဲ့ကစားကွင်းကတော့ အမေရိကန်နိုင်ငံ ၊ Alabama ပြည်နယ် ၊ Huntsville မြို့ရဲ့ Maple Hills Cemetery လို့လူသိများတဲ့ သုသာန်မှာ တည်ရှိနေတာပါ ။ အဆိုပါသုသာန်ဟာ 1822 ခုနှစ်ကတည်းက တည်ရှိခဲ့လို့ ရှေးအကျဆုံး သုသာန်တစ်ခုဖြစ်ပြီး ၊ အဆိုပါ သုသာန်မှာတည်ရှိနေတဲ့ ကစားကွင်းမှာလည်း ကြေကွဲထိတ်လန့်စရာကောင်းတဲ့ သမိုင်းကြောင်းတွေတည်ရှိနေခဲ့တာပါ ။

အဆိုပါ ကစားကွင်းရဲ့ ပတ်ပတ်လည်မှာ ကလေးငယ်တွေရဲ့ အုတ်ဂူလေးတွေရှိနေပြီး၊ အဆိုပါ ကလေးငယ်တွေက အကြောင်းအမျိုးမျိုးကြောင့် သနားစရာကောင်းလွန်းလှတဲ့ အဖြစ်ဆိုးနဲ့ကြုံတွေ့ပြီး သေဆုံးခဲ့ရတာပါ ။ ဒါကြောင့် အဆိုပါကလေးငယ်တွေကို နှစ်သိမ့်ပေးဖို့အတွက် ကစားကွင်းဖန်တီးပေးခဲ့ကြတာပါ ။

ဒေသခံတွေရဲ့ ပြောကြားချက်ကတော့ ညအချိန်မှာဆိုရင် အဆိုပါကစားကွင်းမှ ကလေးရယ်သံ ၊ ပြေးသံ ၊ ဒန်းစီးနေတဲ့ အသံတွေကိုကြားနေရကြောင်း နှင့် ဖြတ်သန်းသွားလာသူများမှာလည်း မကြာခဏ ဆိုးဝါးတဲ့အဖြစ်အပျက်တွေနဲ့ တွေ့ကြုံရလေ့ရှိကြောင်း သိရပါတယ် ။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*