သေဆုံးကြောင်း ကြေညာခဲ့ပြီးမှ နောက်ဆုံး ရင်ခွဲရုံအတွင်းမှာ နိုးထလာခဲ့တဲ့ အမျိုးသားရဲ့အဖြစ် ( ရုပ်သံ)

သေဆုံးကြောင်း ကြေညာခဲ့ပြီးမှ နောက်ဆုံး ရင်ခွဲရုံအတွင်းမှာ နိုးထလာခဲ့တဲ့ အမျိုးသားရဲ့အဖြစ် ( ရုပ်သံ)

Kenya နိုင်ငံမှာနေထိုင်တဲ့ အသက် 32 နှစ်အရွယ် Peter Kigen အမည်ရှိတဲ့အမျိုးသားဟာ ဝမ်းဗိုက်ရောဂါနဲ့ပက်သက်ပြီး သူ့ရဲ့နေအိမ်မှာ မူးမေ့လဲသွားခဲ့ပြီးနောက် ၊ မိသားစုဝင်တွေက ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ဆေးရုံသို့ရောက်ရှိခဲ့ချိန်မှာတော့ ဆရာဝန်က Peter Kigen ဟာအသက်မရှိတော့ကြောင်း နှင့် သေဆုံးကြောင်း စာရွက်စာတန်းတွေမှာ အချက်အလက်တွေဖြည့်ပေးဖို့ Peter ရဲ့ ညီဖြစ်သူကို ပြောဆိုလာခဲ့ပါတယ် ။

နောက်ပြီး Peter ရဲ့ ရုပ်အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပါတယ် ။ 4 နာရီအကြာမှာတော့ ရင်ခွဲရုံက ဝန်ထမ်းဖြစ်သူက Peter ရဲ့ ရုပ်အလောင်းမှ သွေးတွေကိုဖောက်ထုတ်ဖို့ ရောက်ရှိလာခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Peter နိုးထနေကြောင်း ရင်ခွဲရုံမှဝန်ထမ်းက တွေ့ရှိသွားခဲ့ပြီး အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ် ။

Peter ရဲ့ညီဖြစ်သူမှာလည်း သေချာစစ်ဆေးခြင်းမရှိဘဲ သေဆုံးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ဆရာဝန်ရဲ့လုပ်ရပ်ကို အတော်လေးအံ့သြပြီး စိတ်ဆိုးဒေါသထွက်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။ Peter ကိုယ်တိုင်ကလည်း သူဘယ်ကိုရောက်လို့ ရောက်နေမှန်းမသိဘဲ သတိမေ့နေချိန် အဆိုပါကြေညာချက်မျိုးထုတ်ပြန်ခံရလို့ ထိတ်လန့်မိကြောင်း ဘုရားသခင်ရဲ့ ကယ်တင်ပေးမှုကြောင့်သာ အသက်ရှင်ခွင့်ရရှိခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

ဆရာဝန်ဖြစ်သူမှာလည်း သူ့ရဲ့ပေါ့ဆလွန်းတဲ့လုပ်ရပ်ကြောင့် နောင်တရမိကြောင်း တောင်းပန်ခဲ့ပါတယ် ။ အဆိုပါဖြစ်ရပ်ဟာ ကင်ညာနိုင်ငံရဲ့ ပြည်တွင်းသာမက ပြည်ပမှာပါ အတော်လေးထိတ်လန့်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုလို့ သတ်မှတ်ခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*