
မိုးသည်းထန်စွာရွာပြီးနောက် ချောင်းရေတွေကြီးလာလို့ စိုက်ကြည့်လိုက်တဲ့အချိန် မိကျောင်းငယ်လေးတစ်ကောင်မျောပါလာပါတယ် ။ ထိုအချိန်မှာတော့ အမျိုးသားတစ်ဦးဟာ အခြားအိမ်နီးချင်းတွေဒုက္ခမရောက်အောင် သူရဲကောင်းလုပ်ပြီး ချောင်းထဲက မိကျောင်းငယ်လေးကို ဆင်းဖမ်းခဲ့ပါတယ် ။
အဖြစ်အပျက်ကတော့ ငိုရမလား ၊ ရယ်ရမလား မကွဲပြားနိုင်အောင်ဖြစ်ခဲ့ရပါတယ် ။အကြောင်းကတော့ အဆိုပါမိကျောင်းက မိကျောင်းပုံစံ ကလေးခေါင်းအုံးလေးဖြစ်နေခဲ့လို့ အဖြစ်အပျက်တစ်ခုလုံးဟာ ဂျင်းထည့်ခံလိုက်ရသလို ဟာသဆန်ဆန်ဖြစ်ပျက်သွားခဲ့လို့ပါ ။ အခြားအိမ်နီးချင်းတွေအတွက် စဉ်းစားပေးတတ်တဲ့ အဆိုပါအမျိုးသားရဲ့ လုပ်ရပ်ကတော့ လေးစားအတုယူစရာပါပဲလေ ။
Leave a Reply