သူမရဲ့အသုဘပွဲကျင်းပပြီး 2 ပတ်အကြာမှာ နေအိမ်သို့ပြန်ရောက်လာခဲ့တဲ့ အဘွားအို

သူမရဲ့အသုဘပွဲကျင်းပပြီး 2 ပတ်အကြာမှာ နေအိမ်သို့ပြန်ရောက်လာခဲ့တဲ့ အဘွားအို

India Today သတင်းမှာ ဆုံးသွားပြီလို့ ယူဆခဲ့တဲ့ အဖွားတစ်ဦးဟာ သူမရဲ့အသုဘအခမ်းအနားအပြီး နှစ်ပတ်အကြာလောက်မှာ သူမမိသားစုတွေရဲ့ ‌နေအိမ်ကိုပြန်ရောက်လာနိုင်ခဲ့တာပါ။ ၎င်းအဖြစ်အပျက်ဟာ Andhra Pradesh ပြည်နယ်၊ Krishna ခရိုင်မှာ ဖြစ်ပျက်ခဲ့တာပါ။ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ Muthyala Girijamma အဖွားတစ်ယောက်ဟာ မေလ ၁၂ ရက်ကတည်းက ရောဂါကူးစက်ခံရပြီးနောက် Vijayawada ပြည်နယ်ရှိ အစိုးရအထွေထွေရောဂါကုဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။ သို့ပေမဲ့ Girijamma ဟာ သုံးရက်အကြာမဘဲ သေဆုံးသွားတယ်ဆိုပြီး သူမရဲ့မိသားစုတွေက ပြောကြားခဲ့ပါတယ်။

ဆေးရုံရဲ့ စည်းကမ်းချက်အရ လူသေရဲ့ခန္ဓာကိုယ်ကို အကွာအဝေးကနေကြည့်ရှုနိုင်ပြီး မိသားစုဝင်တွေက Girijamma ရဲ့ခန္ဓာကိုယ်ကို မြင်တွေခွင့်မပြုခဲ့ဒါကြောင့်ဝန်ထမ်းတွေက ပလပ်စတစ်နဲ့ ပတ်ရစ်နေခဲ့ပါတယ်။ သူမရဲ့မိသားစုတွေဟာ အလောင်းကိုအိမ်သို့ယူဆောင်သွားပြီး အဲ့ဒီ‌နေ့မှာပင် အသုဘအခမ်းအနားပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် Girijamma ဟာ နှစ်ပတ်နီးပါးအကြာမှာဘဲ အိမ်ကို ကျန်းမာတဲ့အခြေအနေ နဲ့ပြန်ရောက်လာခဲ့ပါတယ်။ မိသားစုဝင်တွေက ရင်တထိတ်တလန့်နဲ့ကြည့်ပြီး သူတို့မီးသင်္ဂြိုဟ်ခဲ့တဲ့သူဟာ အခြားသောသူ အလောင်းနဲ့ လွဲချော်သွားခဲ့တာကို သဘောပေါက်သွားခဲ့ပါတယ်။ သူမရဲ့မိသားစုတွေ မှားယွင်းစွာ မီးသင်္ဂြိုဟ်ခဲ့သူတစ်ဦးဟာ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးပါဘူး။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*