
ယောကျာ်းလေးတွေက သူတို့ တကယ်ချစ်ရတဲ့ မိန်းကလေးတွေနဲ့ ဆုံရတဲ့အခါ သူတို့ရဲ့ ပုံစံဟာ တစ်ခြားတစ်ယောက်လိုမျိုး ပြောင်းလဲသွားတတ်ကြပါတယ်။ သူ့ဆီမှာ တစ်ခါမှမတွေ့ဖူးတဲ့ အပြုအမူလေးတွေနဲ့ အမူအကျင့်လေးတွေကို တွေ့လာရပြီး ဒါတွေက သူတို့တကယ့်ကို တန်ဖိုးထားချစ်ခင်တယ်ဆိုတာကို ဖော်ပြနေပါတယ်နော်။ ကဲ ယောကျာ်းလေးတွေက သူတို့တကယ်ချစ်မိတဲ့ မိန်းကလေးတွေနဲ့ တွေ့တဲ့အခါ ဘာလေးတွေ ပြောင်းလဲသွားတတ်လဲ။
သူ့ဘဝအားလုံးစုံကို ပြောပြတတ်တယ်
ယောကျာ်းလေးတွေက တော်ရုံအားဖြင့်တော့ သူတို့ရဲ့ ဘဝအကြောင်းကို ပြောပြရတာ မကြိုက်တတ်ကြပါဘူး။ ဒါပေမယ့် သူတို့တကယ် ချစ်မြတ်နိုးမိတဲ့ မိန်းကလေးနဲ့ ဆုံမိတဲ့အခါမှာ လျို့ဝှက်ချက်ဆိုတာ ဘာမှမထားလိုပဲ သူဘဝနဲ့ပတ်သက်တဲ့ အကောင်းအဆိုးအားလုံးကို ပြောပြတတ်ကြပါတယ်။ ဒါက သူမအပေါ် တကယ့်ကို ယုံကြည်စိတ်ချပြီး ချစ်မြတ်နိုးတယ်ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။
မကြာခဏ စိုက်ကြည့်တတ်တယ်
ချစ်ရသူတိုင်းက ကိုယ့်ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေချင်တတ်ကြတာ သဘာဝပါ။ ယောကျာ်းလေးတစ်ယောက် အရမ်းချစ်တတ်သွားတဲ့အခါ သူတို့ရဲ့အကြည့်တွေထဲမှာတောင် သူတို့ရဲ့ အချစ်တွေကို တွေ့နိုင်ပါတယ်။ ယောကျာ်းလေးတွေက သူတို့အရမ်းကို မြတ်နိုးရတဲ့ သူထံကနေ အကြည့်မခွါချင်လောက်အောင် ဖြစ်တတ်ကြပြီး မကြာခဏဆိုသလို စိုက်ကြည့်တတ်ကြပါတယ်။
အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးတတ်တယ်
ယောကျာ်းလေးတွေနဲ့ အချက်အပြုတ်ကိစ္စက မသက်ဆိုင်ဘူးလို့တော့ ပြောလို့တော့မရပေမယ့် ယောကျာ်းလေးတော်တော်များများကတော့ အချက်အပြုတ်တွေကို စိတ်မဝင်စားတတ်ကြပါဘူး။ တကယ်လို့ အချက်အပြုတ်စိတ်ဝင်စားသည့်တိုင်အောင် တကူးတက တစ်စုံတစ်ယောက်အတွက် ချက်ပြုတ်ပေးတာမျိုးတွေ သိပ်လုပ်လေ့မရှိတတ်ကြပါဘူးနော်။ ဒါပေမယ့်လို့ သူတို့တကယ်ချစ်တဲ့ မိန်းကလေးကိုတော့ သူတို့က အစားအသောက်တွေ ချက်ပြုတ်ပေးရတာကို နှစ်သက်တတ်ကြပါတယ်တဲ့။ သူတို့ရဲ့ လက်ရာကို သူတို့ချစ်ရသူက မြည်းစမ်းတဲ့အခါ အရမ်းဝမ်းသာကြည်နူးတတ်ကြပါတယ်။
သူငယ်ချင်းလိုရော၊ ချစ်သူလိုပါ ချစ်တတ်တယ်
ယောကျာ်းလေးတစ်ယောက် အရမ်းချစ်တတ်သွားတဲ့အခါ သူတို့ရဲ့ ချစ်သူကောင်မလေးကို သူငယ်ချင်းတစ်ယောက်လိုရော၊ ချစ်သူတစ်ယောက်လိုပါ ချစ်တတ်လာပါတယ်။ ဆိုလိုချင်တာကတော့ သူငယ်ချင်းတစ်ယောက်လို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အရာရာ တိုင်ပင်တတ်သလို၊ ချစ်သူလိုရော ဂရိုစိုက်မှုတွေ၊ ကြင်နာချစ်ခင်မှုတွေနဲ့လည်း ချစ်တတ်လာတာပဲ ဖြစ်ပါတယ်။ ဒါက ယောကျာ်းလေးတွေ သူတို့တကယ် ချစ်တဲ့ မိန်းကလေးအပေါ်သာ ဆက်ဆံတတ်တဲ့ အပြုအမူလေးတွေ ဖြစ်ပါတယ်။
Leave a Reply