
သူတစ်ပါး၏ ပစ္စည်းတွေကို နည်းနည်းလေးမှမခိုးရရင် မနေနိုင်မထိုင်နိုင်ဖြစ်နေသောကြောင့် ဆရာဝန်ထံသွားရောက်ကာ ကုသမှုခံယူခဲ့ရသည့် အသက်၃၈နှစ်အရွယ်အမျိုးသမီး
လူတိုင်းတွင် မွေးကတည်းကစ၍ အထုံပါလာသော ဗီဇများရှိတတ်ကြပြီး တစ်ဦးနှင့်တစ်ဦးတူညီမှုတော့ မရှိကြပေ။မွေးရာပါ ဗီဇတစ်ခုသည် ဖျောက်ဖျက်ရန် အလွယ်ခက်ခဲသော အရာတစ်ခုလည်း ဖြစ်ပါတယ်။ယခုတွင်လည်း ဂျပန်နိုင်ငံမှ အသက်၃၈နှစ်အရွယ် You Takahashiဆိုသ်ည့အမျိုးသမီး၏ မွေးရာပါအကျင့်သည် သာမန်လူတွေနှင့် အလွန်ကွဲပြားနေခဲ့ပြီး ထူဆန်းလှပါတယ်။
သူမဟာ သူတစ်ပါး၏ပစ္စည်းတွေကို မခိုးယူရဘဲ မနေနိုင်ဖြစ်နေပြီး ခိုးယူလိုက်ရမှ နေသာထိုင်သာ ရှိသွားခဲ့ရတာလည်းဖြစ်ပါတယ်။အမျိုးသမီးဟာ ခိုးယူချင်သည့်ဗီဇကို အလယ်တန်းကျောင်းသူဘဝတည်းက တစ်ခါတစ်ရံပေါ်လာတတ်ပြီး အသက်၃၀ကျော်သောအခါ ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့်လည်း ဆရာဝန်များထံသို့ သွားရောက်ကာ ကုသမှုခံယူနေရပြီး ဆရာဝန်များနှင့်အတူလည်း သူမခိုးယူခဲ့သည့် စတိုးဆိုင်များသို့ သွားရောက်ကာ ငွေကြေးတွေကို ပြန်လည်ပေးဆောင်ဖို့ ကြိုးစားနေတယ်ဟု သိရပါတယ်။
Leave a Reply