သူစိမ်းအမျိုးသားကို ကျောက်ကပ်လှူဒါန်းခဲ့ပြီးနောက် ထိုသူရဲ့ နှလုံးသားနဲ့ရင်းတဲ့ ချစ်ခြင်းမေတ္တာမျိုး ပြန်ရခဲ့တဲ့ မိန်းကလေး (ရုပ်သံ)

သူစိမ်းအမျိုးသားကို ကျောက်ကပ်လှူဒါန်းခဲ့ပြီးနောက် ထိုသူရဲ့ နှလုံးသားနဲ့ရင်းတဲ့ ချစ်ခြင်းမေတ္တာမျိုး ပြန်ရခဲ့တဲ့ မိန်းကလေး (ရုပ်သံ)

ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျောက်ကပ်အလှူရှင်တွေက ၁% ခန့်သာ ရှိနိုင်ပါတယ်။ အနည်းငယ် ပိုပြီး တိကျစွာပြောရရင် ပြီးခဲ့တဲ့ နှစ်က ကင်တပ်ကီဆေးရုံမှာ ကျောက်ကပ်အစားထိုး ကုသမှု ၁၃၅ ခုရှိခဲ့ပြီး ၃၃ ခုသာ အသက်ရှင်နိုင်ခဲ့တာပါ။ အခုဖော်ပြပေးမှာ Danny Robinson အမည်ရှိအမျိုးသားဟာ အသက် ၁၆ နှစ်အရွယ်မှာ IgA nephropathy ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

၎င်းရောဂါဟာ ကျောက်ကပ်ထဲမှာ ရှိနေတာကြောင့် ကျောက်ကပ်လည်ပတ်မှုကို တဖြည်းဖြည်း ပျက်စီးစေပါတယ်။ McIntyre ဆို့တဲ့ အမျိုးသမီးက သူမအသိမဟုတ်ဘဲ သူစိမ်းဖြစ်တဲ့ Danny Robinson ကို ကျောက်ကပ်လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကျောက်ကပ်လှူပြီးနောက် Danny က သူမကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို သူမဆီပေးအပ်ခဲ့လိုက်ပါတယ်။ McIntyre က အံ့သြသွားခဲ့ပြီး လက်ခံလိုက်ပါတယ်။

ဘယ်သူကမ ရလဒ်ရဲ့အဆုံးမှာ အဲ့လိုမျိုးဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ သူမရဲ့ ရက်ရောမှုကြောင့် Danny ရဲ့ဘဝကို ကယ်တင်နိုင်ရုံ သာမက ယခုမှာဆိုရင် သူမကိုယ်ကျိုးမဖက်တဲ့ ချစ်ခြင်းမေတ္တာကြောင့် သူတို့ရဲ့ဘဝဟာလည်း ပြောင်းလဲသွားပါပြီ။ သူမက လူသားတွေ လှူဒါန်းကြရန် နဲ့ လူအများရဲ့ အသက်ကိုကယ်ဆယ်ရန် ကူညီရန် သူတို့ရဲ့ထူးခြားတဲ့ အချစ်ဇာတ်လမ်းကိုပါ ကမ္ဘာကြီး နဲ့ ဝေမျှလိုခဲ့ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*