သူငယ်ချင်းဖြစ်သူအတွက် အကောင်းဆုံးမင်္ဂလာလက်ဖွဲ့အဖြစ် ဆိတ်တစ်ကောင်လက်ဆောင်ပေးခဲ့တဲ့ အမျိုးသား

သူငယ်ချင်းဖြစ်သူအတွက် အကောင်းဆုံးမင်္ဂလာလက်ဖွဲ့အဖြစ် ဆိတ်တစ်ကောင်လက်ဆောင်ပေးခဲ့တဲ့ အမျိုးသား

သူငယ်ချင်းကောင်းများရှိခြင်းဟာ ကျွန်တော်တို့ဝမ်းနည်းတဲ့အခါ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို ၎င်းတို့က ထပ်မံဖြည့်စွက်ပေးတတ်ကြပါတယ်။၎င်းတို့ထဲမှတစ်ဦးက အိမ်ထောင်ရေးဘဝကို စတင်တဲ့အခါ အရာအားလုံးပြောင်းလဲသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဦးစားပေးမှုက ဇနီးသည်များနှင့်သူတို့ကလေးများအတွက်ကြောင့် ဖြစ်ပါတယ်။

သို့ပေမဲ့ သူ့ရဲ့လူပျိုဘဝကြီး အဆုံးသတ်တော့မှာကို သူငယ်ချင်းတစ်ယောက်အနေနှင့် အလွန်ဝမ်းသာတတ်ကြပါတယ်။အချို့လူများက ကျိန်းသေ သူတို့သူငယ်ချင်းရဲ့မင်္ဂလာဆောင်ပွဲကို သူတို့တတ်နိုင်သမျှ အကောင်းဆုံး ကူညီကျင်းပပေးတတ်ကြပါတယ်။

အချို့ဟာလည်း သူတို့သူငယ်ချင်းအတွက် မမျှော်လင့်တဲ့ မင်္ဂလာဆောင်လက်ဆောင်တစ်ခု ပေးတတ်ကြပါတယ်။မကြာသေးခင်က TikTok မှာ ပျံ့နှံ့သွားတဲ့ ဗီဒီယိုတစ်ခုအရ အမျိုးသားတစ်ဦးဟာ ဈေးအကြီးဆုံးလက်ဆောင်အဖြစ် ဆိတ်တစ်ကောင်ကို သတို့သမီးနှင့်သတို့သားတို့အား လက်ထပ်ပွဲလက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ထိုနေ့မှာ လက်ထပ်ခဲ့တဲ့ သူ့ရဲ့သူငယ်ချင်းတစ်ဦးအား အကြီးကြီး အံ့အားသင့်သွားစေခဲ့ပါတယ်။သူ့ရဲ့စီးပွါးရေးက ဆိတ်တွေကို မွေးမြူတဲ့လုပ်ငန်းဖြစ်တာကြောင့် သူ့ရဲ့သူငယ်ချင်းကောင်းကိုလည်း အကောင်းဆုံးလက်ဆောင်အဖြစ် ပေးရန် ရက်ရောခဲ့ပါတယ်။

အဆိုပါမင်္ဂလာစုံတွဲအား သတို့သမီးရဲ့နေအိမ်သို့ ခေါ်ဆောင်သွားခြင်းမပြုခင် ကြီးမားတဲ့ဖဲကြိုးနှင့်အတူ ချည်ထားတဲ့ ဆိတ်တစ်ကောင်ရဲ့ပုံကို မြင်တွေ့နိုင်ပါတယ်။မင်္ဂလာအခမ်းအနားသို့ရောက်တဲ့အခါ အဆိုပါဆိတ်သူဌေးဟာ ၎င်းဆိတိအား သခင်အသစ်နှင့်တွေ့ဆုံစေကာ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

ထိုအဖြစ်အပျက်ကြောင့် သတို့သမီးနှင့်ဧည့်သည်များလည်း ရယ်မောပျော်ရွှင်ခဲ့ကြပါတယ်။အဆိုပါဆိတ်သူဌေးက အမှန်တော့ သတို့သမီးနှင့်သတို့သားတို့အတွက် မင်္ဂလာဆောင်ပွဲရဲ့အထူးအမှတ်တရအဖြစ် ကျန်ရှိနေစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခဲ့တာပါ လို့ ဆိုခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*