သူငယ်ချင်းဖြစ်သူရဲ့အသုဘကို ဗီဒီယိုရိုက်ထားပြီး ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့လို့ ဝေဖန်ခံနေရတဲ့ အမျိုးသား

သူငယ်ချင်းဖြစ်သူရဲ့အသုဘကို ဗီဒီယိုရိုက်ထားပြီး ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့လို့ ဝေဖန်ခံနေရတဲ့ အမျိုးသား

မလေးရှားနိုင်ငံရှိ Hafiz Mahamad အမည်ရှိတဲ့ social influencer အမျိုးသားတစ်ဦးရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ Loh ဟာ လေဖြတ်ရောဂါနဲ့ရှည်လျားတဲ့တိုက်ပွဲအပြီးမှာ ကွယ်လွန်သွားခဲ့ရပါတယ်။သို့ပေမဲ့ Hafiz ဟာ သူငယ်ချင်းကောင်း Loh ရဲ့ ရက်သတ္တပတ်အကြာဖြတ်သန်းသွားတဲ့ အသုဘကို ဗီဒီယိုရိုက်ကာ အင်တာနက်ပေါ်တင်ခဲ့ပြီးနောက် netizen များစွာက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

Hafiz က ” လေဆိပ်မှာငါ့မျက်ရည်တွေ စီးကျနေခဲ့တယ်၊ ငါ့သူငယ်ချင်းကို ငါချစ်ပြီးလွမ်းတယ်” ဆိုတဲ့ caption နဲ့ အဆိုပါဗီဒီယိုကို ကိုယ်တိုင် ဝေမျှခဲ့တာပါ။ဗီဒီယိုကို တင်လိုက်တဲ့ Hafiz ရဲ့ရည်ရွယ်ချက်က စင်ကြယ်ကောင်းစင်ကြယ်နိုင်ပေမဲ့လည်း အင်တာနက်အသုံးပြုသူတွေကတော့ ၎င်းဗီဒီယိုတစ်ခုလုံးမှာ Hafiz တစ်ယောက်တည်းကိုသာ အာရုံရောက်ပြီး ဒေါသထွက်ခဲ့ကြပါတယ်။

 

အစပိုင်းမှာ Hafiz က သူရရှိခဲ့တဲ့အမုန်းစကားတွေအပေါ်တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။နောက်တော့ ” ဘုရားသခင်က ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကိုသိမှာပါ ၊ ဒီကိစ္စအပေါ် လူအများရဲ့ထင်မြင်ချက်တွေအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး၊ အခြားသူတွေက ကျွန်တော်ရဲ့ဗီဒီယိုကို ကြည့်ပြီး ကျွန်တော့်က ခံစားချက်ကင်းမဲ့နေတယ်လို့ ပြောဆိုနေကြတယ် ၊ မင်းတို့ရဲ့ နှလုံးသားကို မထိန်းချုပ်ပေးနိုင်တာကိုတော့ ကျွန်တော် လက်ခံပါတယ် ” လို့ Hafiz က ပြန်ဖြေကြားခဲ့ပါသေးတယ်။

#6

#7

#8

#9

#10

Be the first to comment

Leave a Reply

Your email address will not be published.


*