
သူငယ်ချင်းတွေလာလည်စဉ် အိမ်မှာချကျွေးစရာမရှိလို့ ဖခင်ဖြစ်သူမွေးထားသည့် ဈေးကြီးသော ရွှေငါးတွေကို ကင်ကျွေးခဲ့သည့် သားလိမ္မာကလေး
မည်သူမဆို မိမိ၏နေအိမ်သို့ သူငယ်ချင်းမိတ်ဆွေများက လာလည်ခဲ့ပြီဆိုလျှင် အလွန်ပျော်ရွင်နေတတ်ကြတာဖြစ်ပါတယ်။မိမိအိမ်သို့လာလည်သော ဘော်ဒါများနဲ့ စားစရာတွေချက်ပြုတ်စားပြီး စကားတွေဖောင်ဖွဲ့ပြောနေရလျှင် အလွန်ပျော်ရွင်ကြည်နူးစရာများလည်းဖြစ်ပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ကောင်လေးတစ်ဦးဟာ သူ၏နေအိမ်ကို သူငယ်ချင်းတွေလာလည်ကြတော့ ကျွေးမွေးစရာဘာမှမရှိဘဲ ဖြစ်နေခဲ့ပါတယ်။ထို့ကြောင့် ကြံရာမရဖြစ်နေသည့်အဆုံးမှာတော့ ဖခင်ဖြစ်သူမွေးထားသည့် အလှမွေးရွှေငါးလေးတွေကိုသာ မျက်စီရောက်သွားခဲ့ပါတယ်။
မှန်ဘောင်လေးထဲတွင် မွေးထားသည့်အလှမွေးငါးတွေအကုန်လုံးကို သူငယ်ချင်းများနှင့်ကင်စားခဲ့ကြပါတယ်။ဖခင်ဖြစ်သူကတော့ စျေးကြီးပေးပြီးမွေးရသည့်ငါးတွေကို စားပစ်ရက်လို့ ဒေါသထွက်နေမှာ သေချာပါတယ်။
Zawgyi
သူငယ္ခ်င္းေတြလာလည္စဥ္ အိမ္မွာခ်ေကြၽးစရာမရွိလို႔ ဖခင္ျဖစ္သူေမြးထားသည့္ ေဈးႀကီးေသာ ေ႐ႊငါးေတြကို ကင္ေကြၽးခဲ့သည့္ သားလိမၼာကေလး
မည္သူမဆို မိမိ၏ေနအိမ္သို႔ သူငယ္ခ်င္းမိတ္ေဆြမ်ားက လာလည္ခဲ့ၿပီဆိုလွ်င္ အလြန္ေပ်ာ္႐ြင္ေနတတ္ၾကတာျဖစ္ပါတယ္။မိမိအိမ္သို႔လာလည္ေသာ ေဘာ္ဒါမ်ားနဲ႔ စားစရာေတြခ်က္ျပဳတ္စားၿပီး စကားေတြေဖာင္ဖြဲ႕ေျပာေနရလွ်င္ အလြန္ေပ်ာ္႐ြင္ၾကည္ႏူးစရာမ်ားလည္းျဖစ္ပါတယ္။
ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံမွ ေကာင္ေလးတစ္ဦးဟာ သူ၏ေနအိမ္ကို သူငယ္ခ်င္းေတြလာလည္ၾကေတာ့ ေကြၽးေမြးစရာဘာမွမရွိဘဲ ျဖစ္ေနခဲ့ပါတယ္။ထို႔ေၾကာင့္ ႀကံရာမရျဖစ္ေနသည့္အဆုံးမွာေတာ့ ဖခင္ျဖစ္သူေမြးထားသည့္ အလွေမြးေ႐ႊငါးေလးေတြကိုသာ မ်က္စီေရာက္သြားခဲ့ပါတယ္။
မွန္ေဘာင္ေလးထဲတြင္ ေမြးထားသည့္အလွေမြးငါးေတြအကုန္လုံးကို သူငယ္ခ်င္းမ်ားႏွင့္ကင္စားခဲ့ၾကပါတယ္။ဖခင္ျဖစ္သူကေတာ့ ေစ်းႀကီးေပးၿပီးေမြးရသည့္ငါးေတြကို စားပစ္ရက္လို႔ ေဒါသထြက္ေနမွာ ေသခ်ာပါတယ္။
Leave a Reply