သူငယ်ချင်းတွေနဲ့သောက်စားမူးယစ်ရင်း၊လမ်းဘေးခွေးတစ်ကောင်ကိုအိမ်ခေါ်ပြန်ခဲ့ရာကနေ၊မွေးစားလိုက်ရတဲ့အထိသံယောဇဉ်ဖြစ်ခဲ့တဲ့အမျိုးသား

သူငယ်ချင်းတွေနဲ့သောက်စားမူးယစ်ရင်း၊လမ်းဘေးခွေးတစ်ကောင်ကိုအိမ်ခေါ်ပြန်ခဲ့ရာကနေ၊မွေးစားလိုက်ရတဲ့အထိသံယောဇဉ်ဖြစ်ခဲ့တဲ့အမျိုးသား

 

ထိုင်းနိုင်ငံကBoomဆိုတဲ့အမျိုးသားတစ်ယောက်ဟာ၊သူငယ်ချင်းတွေနဲအတူအကင်ဆိုင်တစ်ဆိုင်မှာသွားပီးသောက်စားခဲ့ပါတယ်။ထို့နောက်အသောက်စားလွန်ပီးမူးတဲ့အခါမှာတော့၊၎င်းကိုယ်တိုင်တောင်မသိလိုက်ပဲ၊လမ်းဘေးခွေးလေခွေးလွင့်တစ်ကောင်ကိုအိမ်ခေါ်ပြန်ခဲ့တဲ့ရီစရာဖြစ်ရပ်ကြောင့်၊social mediaမှာလူပြောများပျ့နှံ့နေခဲ့ပါတယ်။

 

 

Boomဟာမနက်မိုးလင်းနိုးလာခဲ့တဲ့အခါမှာတော့၊ဘယ်ကမှန်းမသိတဲ့ခွေးတစ်ကောင်ဟာအိပ်ခန်းပတ်လည်မှာလျှောက်သွားနေတာကိုတွေ့ပီးကြောင်သွားခဲ့ပါတယ်။ထို့နောက်သူငယ်ချင်းများက၊Boomညကခေါ်ပြန်လာတာကိုပြောပြခဲ့ပါတယ်။Boomဟာညကအဖြစ်ပျက်ကိုမမှတ်မိတော့လို့သူငယ်ချင်းတွေကvideoရိုက်ထားတာကိုပြခဲ့တဲ့အခါမှာတော့

 

၊videoထဲမှာတော့Boomဟာအမူးလွန်ပီးလမ်းဘေးခွေးတစ်ကောင်ကို၊သူ့ရဲ့ကားထဲမဝင်မချင်းကိုထည့်ခဲ့ပီးခွေးကဆင်းလာလိုက်၊သူကပြန်ထည့်လိုက်လုပ်နေခဲ့တဲ့ရီစရာဖြစ်ရပ်လေးကိုတွေ့လိုက်တဲ့အခါမှ၎င်းခေါ်လာတာမှန်ကြောင်းကိုပြန်မှတ်မိခဲ့ပါတယ်။

 

ထို့နောက်၊၎င်းvideoဟာsocial mediaမှာပျံ့နှံ့သွားခဲ့တဲ့အခါမှာ​တေ့ာ၊likeပေါင်း(57k)နဲ့shareပေါင်း(54k)ရရှိခဲ့ပါတယ်။ယခုအခါမှာ​တော့Boomဟာထိုခွေးလေးကိုခေါ်ယူမွေးစားခဲ့ပီး၊၎င်းတို့ဆုံခဲ့တဲ့နေရာလေးရဲ့Moo Taဆိုတဲ့နာမည်လေးပေးခဲ့ပါတယ်။ခွေးလေးခမျာယခုမှနာမည်အသစ်၊သခင်အသစ်နဲ့ပျော်နေခဲ့ရပီဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*