
သုံးပြီးသား ခြေအိတ်နှင့်ဖိနပ်တွေကို ပရိသတ်များထံရောင်းချပြီး ၁နှစ်ကို ဒေါ်လာ ၁၀၀,၀၀၀ အထိဝင်ငွေရှိတဲ့ မိန်းကလေး
London မြို့ရှိ အသက် ၃၃ နှစ် အရွယ် Model တစ်ဦးဖြစ်သလို social media star တစ်ဦးလည်းဖြစ်တဲ့ Roxy Sykes အမည်ရှိအမျိုးသမီးတစ်ဦိးဟာ Instagram ပေါ်က သူမရဲ့ပရိတ်သတ်များအား သူမရဲ့ခြေအိတ်နှင့်ဖိနပ်များကို ရောင်းချခြင်းဖြင့် ဝင်ငွေရှာနေပါတယ်။၎င်းပစ္စည်းတွေက အသစ်စက်စက်မဟုတ်တဲ့ အသုံးပြုပြီးသားပစ္စည်းတွေချည်းပါ။
တစ်စုံတစ်ယောက်က သူမရဲ့ခြေထောက်တွေကို အရမ်းကိုလှပတယ်လို့ ချီးမွမ်းပြီးနောက် Roxy ဟာ ထူးထူးခြားခြား သူမရဲ့ခြေထောက်တွေကို စိတ်ဝင်စားကြသူများအတွက် Instagram Page တစ်ခုကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်လအတွင်းမှာဘဲ Roxy ရဲ့ ၎င်း Instagram page ဟာ followers ၁၀,၀၀၀ ကျော် သွားခဲ့ပါတယ်။ထို့နောက် Roxy ဟာ သူမအသုံးပြုပြီးသား လူကြိုက်များတဲ့ အားကစားဖိနပ်များနှင့်ခြေအိတ်များကို social media ပေါ်မှာ စတင်ရောင်းချခဲ့ပြီးနောက် အင်တာနက်ပေါ်ကနေ ကြီးမားတဲ့ဝင်ငွေရရှိနိုင်တဲ့ လျှို့ဝှက်ချက်ရှိတာကို ယုံကြည်သွားခဲ့ပါတယ်။Roxy ဟာ သူသုံးပြီးတဲ့ပစ္စည်းများကိုရောင်းချနေတဲ့အပြင် ဖောက်သည်များနဲ့လည်းတွေ့ဆုံပြီး ဖောက်သည်များက သူမရဲ့ခြေထောက်တွေကို ဓာတ်ပုံနဲ့ပါ ရိုက်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။
Roxy ဟာ အလုပ်အများဆုံးလမှာ သူမ ငွေဘယ်လောက်ထိရှာနိုင်ခဲ့တယ်ဆိုတာကို သဘောပေါက်လာခဲ့ပြီး သူမအသက်ကြီးလာရင် သူမရဲ့ခြေထောက်တွေက သူမအတွက် ပိုက်ဆံရှာပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါသေးတယ်။Roxy ဟာ ၎င်းလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ၄နှစ်ကြာပြီဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၁၀၀,၀၀၀ ကျော် ဝင်ငွေရရှိခဲ့ပါတယ်။
Roxy က မနက်ဖြန်များရဲ့Model တွေကိုလည်း သူမလို နည်းလမ်းအတိုင်း လမ်းညွှန်သင်ကြားပေးနေပြီလို့လည်း ဆိုခဲ့ပါသေးတယ်။မိန်းကလေးတွေက ယောင်္ကျားလေးတွေထပ် ပိုက်ဆံရှာရလွယ်တာ အမှန်ပါဘဲလား။
Leave a Reply