
သား၊သမီးငယ်လေးတွေအတွက် အမှိုက်ပုံးကိုလိုက်မွေနှောက်ပြီး အစာရှာပေးခဲ့တဲ့ မိခင်(ရုပ်သံ)
Kelantan မြို့မှာရှိတဲ့ မိခင်တစ်ဦးဟာ သူမရဲ့ကလေးငယ်တွေအတွက် အစာစားနိုင်ဖို့ အမှိုက်ပုံးကို မွေနှောက်ရှာနေတဲ့ video ဟာ Twitter နဲ့ TikTok ပေါ်မှာ ဝေမျှခဲ့ရာ ပျံ့နှံ့သွားခဲ့ပါတယ်။ တစ်စုံတစ်ယောက်က video ရိုက်ယူပြီးတဲ့နောက် သူမရဲ့ ကလေးငယ်တွေအတွက် အစားအစာဝယ်ယူဖို့ ပိုက်ဆံအချို့ပေးလိုက်ပါတယ်။
Video Original Poster ဖြစ်တဲ့ Nadya Zaira အမျိုးသမီးတစ်ဦးက ” မိခင်တစ်ယောက်ဟာ သူမရဲ့ ကလေးတွေကစားနေစဉ်နဲ့ တစ်ယောက်က မြက်ခင်းပေါ်မှာ လှဲလျောင်းနေတဲ့အချိန်တွေမှာ သူမဟာ အမှိုက်ပုံးထဲက တစ်စုံတစ်ခု ရှာဖွေနေတာကို မြင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ကို မြင်ပြီး ကျွန်မအလွန်စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မရဲ့ခင်ပွန်းကသူ့ကို ပိုက်ဆံလိုက်တော့ သူဝမ်းပန်းတစ်နည်းငိုပြီးလက်ခံခဲ့ပါတယ်။” ဆိုပြီး Nadya Zaira က ပြောခဲ့ပါတယ်။
အဲ့ဒီ video ပျံ့နှံ့သွားကတည်းက netizen တွေဟာ Kak Sarinah လို့အမည်ရှိတဲ့ အဲ့ဒီ မိခင်ဆီကို သွားပြီး အကူအညီပေးဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ Nadya က အဲ့ဒီမိခင်အတွက် အခြားသော Netizen တွေ အကူအညီပေးနိုင်ဖို့အတွက် သူမရဲ့နေအိမ်ကို ချက်ချင်း ခေါ်ဆောင်သွားပေးခဲ့ပါတယ်။
https://twitter.com/danizaydi/status/1352972950475948033
Sarinah မှာ ကလေးငယ်လေးယောက်နဲ့ သူမရဲ့ဗိုက်ထဲမှာလည်း ၃လသားကိုယ်ဝန်လွယ်ထားရပြီ သူ့ရဲ့အမအိမ်မှာ ကပ်နေ နေရပါတယ်။ အဲ့ဒီအိမ်ထဲမှာဆိုသူမ တို့သားအမိအပါအဝင် စုစုပေါင်း ၁၅ ယောက်ပေါင်းစုနေကြတာပါ။ Nadya ရဲ့ ပြောဆိုချက်အရ အဲ့ဒီအိမ်ကလည်း ယိုယွင်းပျက်စီးတော့မဲ့အခြေအနေရှိနေပါပြီ။ အခုဆိုရင် Sarinah က Jabatan Kebajikan Masyarakat ကနေ တစ်လမှာထောက်ပံ့ငွေ ရမ်မီ ၄၀၀ ကို လက်ခံရရှိနေပါတယ်။
Nadya က တစ်ပါးသောသူတို့ရဲ့ မိသားစုကို ကူညီပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါတယ်။
Leave a Reply