
သားသမီးလေးယောက်ရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပီး၊စားစရာနေစရာမဲ့နေခဲ့ရတဲ့အဖိုးအဖွားနှစ်ဦးရဲ့သနားစရာဖြစ်ရပ်
ယခုဖော်ပြပေးမှာတော့၊ဖိလစ်ပိုင်နိုင်ငံမှာလတ်တလောဖြစ်ပွားခဲ့တဲ့ရင်နာစရာအဖြစ်ပျက်လေးပဲဖြစ်ပါတယ်။ထိုသတင်းကိုတော့၊ဖိလစ်ပိုင်ရေဒီယိုရုပ်သံလိုင်းတခုကsocial mediမှာမျှဝေပေးခဲ့တာပါ။အကြောင်းကတော့၊ဖိလစ်ပိုင်နိုင်ငံလမ်းဘေးတနေရာမှာမိုးကာဟောင်းလေးကို၊တဲထိုးပီးနေနေတဲ့အဖိုးအိုဇနီးမောင်နှံဟာသားဖြစ်သူရဲ့စွန့်ပစ်မှုကြောင့်၊ကူညီရာမဲ့ပီးရက်ပေါင်းများစွာအစာငတ်ပီးနေထိုင်စရာမရှိဒုက္ခရောက်နေခဲ့ပါတယ်။
ထိုအဖိုးအိုဇနီးမောင်နှံမှာ၊သားသမီးလေးယောက်ရှိပေမဲ့သုံးယောက်ကလုံးဝအဆက်သွယ်မလုပ်တော့တာကြောင့်၊ကျန်တဲ့သားတစ်ယောက်နဲ့အတူနေခဲ့ပါတယ်။သို့ပေမဲ့လဲအတူနေထိုင်တဲ့သားကလဲ၊မိသားစုနဲ့စားဝတ်နေရေးမချောင်လည်တာကြောင့်ဆိုပီး၊လမ်းဘေးတနေရာမှာအသက်ကြီးတဲ့မိအိဖအိုကိုစွန့်ပစ်ခဲ့ကြတာပါ။
ထိုအဖိုးအိုဇနီးမောင်နှံကတော့သားသမီးတွေဆီကပိုက်ဆံမလိုချင်ကြောင်း၊သူတို့လေးတွေနဲ့ပဲအဆက်သွယ်ရချင်မိကြောင်း၊စာလေးတစ်စောင်လောက်သာဆက်သွယ်ရရင်သာကျေနပ်မိကြောင်းဝမ်းနည်းစွာပြောပြခဲ့ပါတယ်။အဖိုးအိုတို့ရဲ့သားသမီးတွေလဲအမြင်မှန်ရပီး၊မိဘတန်ဖိုးကိုနားလည်ပီးအမြန်ဆုံးဆက်သွယ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi
Leave a Reply