သားသမီးလေးတွေကို အနှောက်အယှက်ဖြစ်မှာ စိုးရိမ်လို့ အမွေအားလုံးကို ပေးအပ်ခဲ့ပြီး ဘိုးဘွာရိပ်သာတွင် သွားရောက်နေထိုင်ခဲ့သည့် ဖိုးဖိုးနှင့်ဖွားဖွား

သားသမီးလေးတွေကို အနှောက်အယှက်ဖြစ်မှာ စိုးရိမ်လို့ အမွေအားလုံးကို ပေးအပ်ခဲ့ပြီး ဘိုးဘွာရိပ်သာတွင် သွားရောက်နေထိုင်ခဲ့သည့် ဖိုးဖိုးနှင့်ဖွားဖွား

မိဘတို့၏ သားသမီးအပေါ်တွင် ထားရှိသော စေတနာများကို မြင်တွေ့လာရသောအခါ အမှန်တကယ်ပင် မျက်လုံးပြူး အံ့သြမိခဲ့ရပါတယ်။အသက်အရွယ်ကြီးရင့်လာပြီး အိုမင်းရင့်ရော်လာသည့်အချိန်အထိ သားသမီးတို့အတွက်သာ စဥ်းစားပေးနေသော မိဘတို့၏ ဂုဏ်ကျေးဇူးသည်ကား အလွန်ကြီးမားလှပေသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၈၄နှစ်အရွယ် Vu Thi Dichဆိုသည့်အဖိုးသည် သူ့တို့ကို နေ့တိုင်းပြုစုပေးနေရသော သားသမီးလေးတွေကိုကြည့်ကာ အားနာလာခဲ့ပုံရပါတယ်။ထို့ကြောင့် သားသမီးတို့အတွက် အနှောက်အယှက်ပေးသလိုဖြစ်နေမည်စိုးရိမ်သည့်အတွက် ဘိုးဘွာရိပ်သာတွင် သွားရောက်နေထိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

အဖိုးဟာသူ၏ဇနီးလေးနှင့်အတူ သူတို့၏ နေအိမ်ကြီးကို ရောင်းချပြီး သားသမီးတို့ကို အမွေခွဲပေးခဲ့ကာ ဘိုးဘွားရိပ်သာတို့ ထွက်သွားခဲ့ပါတယ်။အဖိုးနှင့်အဖွား၏လုပ်ရက်ကြောင့် သားသမီးတွေဟာ အလွန်အံ့သြနေခဲ့ရတယ်ဟု ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*