
သားသမီးမျက်နှာမငယ်ရအောင် ကျောင်းမှာကျင်းပတဲ့အမေများနေ့မှာ မိခင်လိုဝတ်ဆင်ပြီး တက်ရောက်ပေးခဲ့တဲ့ဖခင်
Charan ‘Ran’ Chamnuansok အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ social media ပေါ်မှာ ဝေမျှထားခဲ့တဲ့ ဓာတ်ပုံလေးတွေကြောင့် လူအတော်အများရဲ့ ချီးကျူးမှုကိုခံနေရလျက်ရှိပါတယ် ။ အကြောင်းကတော့ ကျောင်းမှာကျင်းပတဲ့ အမေများနေ့အခမ်းအနားကို မိခင်တစ်ယောက်လိုဝတ်ဆင်ပြီး သားသမီးတွေ မျက်နှာမငယ်ရအောင် တက်ရောက်ပေးခဲ့လို့ပါပဲ ။
Chamnuansok ဟာ ဇနီးဖြစ်သူနဲ့ ကတောက်ကဆပြသာနာဖြစ်ပြီး လွန်ခဲ့တဲ့ 5 နှစ်ခန့်ကတည်းက ကွာရှင်းခဲ့ကြတာပါ ။ သို့ပေမဲ့လည်း သားသမီးတွေအတွက် လိုအပ်ချက်တွေဖြည့်ဆည်းပေးရမဲ့ သူ့ရဲ့အခြေအနေကို နားလည်သဘောပေါက်နေခဲ့ပါတယ် ။
အခမ်းအနားမကျင်းပမှီ တစ်ရက်အလိုမှာ သူ့ရဲ့ Facebook စာမျက်နှာကနေ ဆံပင်အတု ငှါးရမ်းပေးကြဖို့ တောင်းဆိုခဲ့တဲ့ post တစ်ခု ဝေမျှခဲ့ပါတယ် ။ အခမ်းအနားနေ့မှာတော့ အိမ်နီးချင်ကပေးငှါးလိုက်တဲ့ ဆံပင်အတုကို တပ်ပြီး ၊ မိတ်ကပ်လိမ်းကာ ၊ အဘွားဖြစ်သူရဲ့ အင်္ကျီကိုငှါးရမ်းပြီး မိခင်တစ်ယောက်လို ပွဲသို့တက်ရောက်ခဲ့ပါတယ် ။ သားသမီးတွေကလည်း အဆိုပါနေ့က အရမ်းပျော်ရွှင်ခဲ့ကြလို့ တစ်ကယ့်ကို သူတို့မိသားစုဝင်တွေအတွက် အမှတ်တရအကောင်းဆုံးနေ့ဖြစ်ခဲ့ကြောင်း သိရှိရပါတယ် ။
Zawgyi
သားသမီးမ်က္ႏွာမငယ္ရေအာင္ ေက်ာင္းမွာက်င္းပတဲ့အေမမ်ားေန႔မွာ မိခင္လိုဝတ္ဆင္ၿပီး တက္ေရာက္ေပးခဲ့တဲ့ဖခင္
Charan ‘Ran’ Chamnuansok အမည္ရွိတဲ့အမ်ိဳးသားဟာ သူ႔ရဲ႕ social media ေပၚမွာ ေဝမွ်ထားခဲ့တဲ့ ဓာတ္ပုံေလးေတြေၾကာင့္ လူအေတာ္အမ်ားရဲ႕ ခ်ီးက်ဴးမႈကိုခံေနရလ်က္ရွိပါတယ္ ။ အေၾကာင္းကေတာ့ ေက်ာင္းမွာက်င္းပတဲ့ အေမမ်ားေန႔အခမ္းအနားကို မိခင္တစ္ေယာက္လိုဝတ္ဆင္ၿပီး သားသမီးေတြ မ်က္ႏွာမငယ္ရေအာင္ တက္ေရာက္ေပးခဲ့လို႔ပါပဲ ။
Chamnuansok ဟာ ဇနီးျဖစ္သူနဲ႔ ကေတာက္ကဆျပသာနာျဖစ္ၿပီး လြန္ခဲ့တဲ့ 5 ႏွစ္ခန႔္ကတည္းက ကြာရွင္းခဲ့ၾကတာပါ ။ သို႔ေပမဲ့လည္း သားသမီးေတြအတြက္ လိုအပ္ခ်က္ေတြျဖည့္ဆည္းေပးရမဲ့ သူ႔ရဲ႕အေျခအေနကို နားလည္သေဘာေပါက္ေနခဲ့ပါတယ္ ။
အခမ္းအနားမက်င္းပမွီ တစ္ရက္အလိုမွာ သူ႔ရဲ႕ Facebook စာမ်က္ႏွာကေန ဆံပင္အတု ငွါးရမ္းေပးၾကဖို႔ ေတာင္းဆိုခဲ့တဲ့ post တစ္ခု ေဝမွ်ခဲ့ပါတယ္ ။ အခမ္းအနားေန႔မွာေတာ့ အိမ္နီးခ်င္ကေပးငွါးလိုက္တဲ့ ဆံပင္အတုကို တပ္ၿပီး ၊ မိတ္ကပ္လိမ္းကာ ၊ အဘြားျဖစ္သူရဲ႕ အက်ႌကိုငွါးရမ္းၿပီး မိခင္တစ္ေယာက္လို ပြဲသို႔တက္ေရာက္ခဲ့ပါတယ္ ။ သားသမီးေတြကလည္း အဆိုပါေန႔က အရမ္းေပ်ာ္႐ႊင္ခဲ့ၾကလို႔ တစ္ကယ့္ကို သူတို႔မိသားစုဝင္ေတြအတြက္ အမွတ္တရအေကာင္းဆုံးေန႔ျဖစ္ခဲ့ေၾကာင္း သိရွိရပါတယ္ ။
Leave a Reply