သားသမီးတို့၏ ဘဝရှေ့ရေးကို ဦးစားပေးခဲ့ပြီး သားသမီးတို့အရွယ်ရောက်မှသာ ကျောင်းပြန်တတ်ခဲ့ပြီး နည်းပညာဘွဲ့ကိုရရှိအောင် ကြိုးစားနိုင်ခဲ့သည့် အသက်၄၀အရွယ်မိခင်တစ်ဦး

သားသမီးတို့၏ ဘဝရှေ့ရေးကို ဦးစားပေးခဲ့ပြီး သားသမီးတို့အရွယ်ရောက်မှသာ ကျောင်းပြန်တတ်ခဲ့ပြီး နည်းပညာဘွဲ့ကိုရရှိအောင် ကြိုးစားနိုင်ခဲ့သည့် အသက်၄၀အရွယ်မိခင်တစ်ဦး

သားသမီးတို့၏ရှေ့ရေးအတွက် မိဘတို့ဟာ ကိုယ်တိုင်ဖြတ်သန်းနေရသည့် မိမိ၏ဘဝကို စတေးပေးရန် အသင့်ရှိနေကြသူများဖြစ်ပေသည်။မိဘတို့၏ ကြီးမားလှသော ကျေးဇူးတရားများကို လက်တွေ့ဆပ်ရန်မဆိုထားနှင့် စာဖွဲ့သီကုံလျှင်ပင် ဖွဲ့ဆိုနိုင်လိမ့်မည်မဟုတ်ပေ။

 

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ မိခင်တစ်ဦး၏ ဘဝရည်မှန်းချက်တွေကို ဘေးဖယ်ထားပြီး သားသမီးတို့ကို ပြုစုပျိုးထောင်ပေးခဲ့မှုမှာ အလွန်လေးစားဖွယ် ကောင်းနေခဲ့ပါတယ်။မိခင်ဟာ သားသမီးလေးတွေကို ပြုစုစောင့်ရှောက်ပေးနိုင်ရန် ကျောင်းထွက်နေခဲ့ရပြီး သမီးလေးအရွယ်ရောက်ကာ ဘဝကိုကိုယ်တိုင်ြိတ်သန်းနိုင်သည့်အချိန်ထိကို စောင့်ရှောက်ပေးခဲ့ပါတယ်။

ထိုအချိန်မှသာ မိခင်ဟာ သူမ၏ ရည်မှန်းချင်ဖြစ်သည့် နည်းပညာနှင့် စီးပွားရေးစက်မှုလက်မှုသိပ္ပံဘွဲ့ကို ကျောင်းပြန်တတ်ကာ ရအောင်ယူခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*