သားသမီးတို့၏ရှေ့ရေးအတွက် ၃ဘီလီယံတန်ဖိုးရှိသောနေအိမ်ကိုရောင်းချကာ အမွေပေးခဲ့ပြီး ကိုယ်တိုင်မှာ ဘုရားကျောင်းလာဧည့်သည်များကို ဓာတ်ပုံရိုက်ရင်း ဝင်ငွေရှာဖွေနေခဲ့သူ

သားသမီးတို့၏ရှေ့ရေးအတွက် ၃ဘီလီယံတန်ဖိုးရှိသောနေအိမ်ကိုရောင်းချကာ အမွေပေးခဲ့ပြီး ကိုယ်တိုင်မှာ ဘုရားကျောင်းလာဧည့်သည်များကို ဓာတ်ပုံရိုက်ရင်း ဝင်ငွေရှာဖွေနေခဲ့သူ

မိဘတို့သည် သားသမီးတို့၏ ဘဝတိုးတတ်ဖို့အတွက် ကိုယ်တိုင်ပင်စတေးခံကာ အမြင့်ရောက်အောင် တွန်းပို့ပေးတတ်ကြပေသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ Notre Dameဘုရားကျောင်းတွင် ဓာတ်ပုံရိုက်ကာ ဝင်ငွေရှာဖွေနေသော အဖိုးတစ်ဦး၏အကြောင်းကို ဖော်ပြပေးထားပါတယ်။

ထိုအဖိုးအိုဟာ သားသမီး၅ဦးရှိခဲ့ပြီး ငွေကြေးအတန်အသင့်ကြွယ်ဝချမ်းသားသူဖြစ်ခဲ့ပါတယ်။အဖိုးဟာ သူ၏သားသမီးများ၏ ဘဝရှေ့ရေးအဆင်ပြေစေရန်အတွက် နေထိုင်သော အိမ်ကြီးကိုပင် ၃ဘီလီယံနှင့် ရောင်းချကာ သားသမီးတို့ကို ပေးခဲ့ပါတယ်။

သားသမီးတို့ဟာ အိမ်ထောင်ကိုယ်ဆီကျနေပြီဖြစ်ပြီး အဖိုးအိုထံကို တစ်ကြိမ်တစ်ခါတောင် လာမလည်တော့ဘူးလို့ အဖိုးက နာကြင်စွာဖြင့် ပြောပြလာခဲ့ပါတယ်။အဖိုးဟာ ဘုရားကျောင်းလာ ဧည့်သည်များကို ဓာတ်ပုံရိုက်ပေးခြင်းဖြင့် ဝင်ငွေရှာဖွေကာ ပင်ပန်းစွာဖြင့် နေထိုင်နေသူလည်းဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*