
SBS, တောင်ကိုရီးယားရုပ်မြင်သံကြားမီဒီယာတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း Gwangju ပြည်နယ်က အသက် ၇၅ နှစ်အရွယ်အဘိုးအို Choi ရဲ့ အံ့အားသင့်ဖွယ် အကြောင်းကို တင်ပြခဲ့ပါတယ် ။ သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း သူ့ရဲ့ နှစ်ထပ်အိမ်ကို မြို့လမ်းက အမှိုက်တွေ စုဆောင်းထားတာကြောင့် သူ့အိမ်ဟာ အမှိုက်များအဖြစ်သို့ ပြောင်းလဲစေခဲ့ပါတယ် ။ Choi က အမှိုက်သရိုက်တွေဟာ ရတနာဖြစ်တယ်လို့ ယုံကြည်ပြီး လသာဆောင်နဲ့ ခြံဝင်းနဲ့ အတူတူ သူရဲ့အိမ်ကို အမှိုက်များနဲ့ပြည့်စေခဲ့တာပါ ။ ဓါတ်ပုံတွေမှာ စာဖတ်သူတို့မြင်တဲ့အတိုင်းဘဲ၊ သူ့ရဲ့အိမ်က အမှိုက်တွေနဲ့ အတော်လေး မြှုပ်ထားပါတယ် ။
Choi ရဲ့ အိမ်ရှေ့တံခါးက အမှိုက်အိတ်တွေနဲ့ ဖုံးလွှမ်းနေတာကြောင့် SBS သတင်းထောက်တွေက စုံစမ်းရန် သူတို့ရဲ့အိမ်ကိုတက်ပြီး အတွင်းထဲရောက်တဲ့အခါမှာ အမှိုက်သရိုက်တွေက သူတို့ကို အဆက်မပြတ်ချောင်းဆိုးစေပြီး အသက်ရှူကျပ်ခြင်းနဲ့ ကြုံတွေ့ရပါတယ် ။ ဒါပေမဲ့ ထိုအိမ်ထဲမှာနေထိုင်တဲ့ မိသားစုသုံးယောက်က နှစ်ပေါင်းများစွာ ၎င်းအနံ့ကို ခံနေရတာပါ ။
Choi က အသက် ၇၀ အရွယ်ရှိ ဇနီးနဲ့ သူတို့ရဲ့သား ဟာ အမှိုက်ပြည့်နေတဲ့အိမ်မှာ ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့တာပါ ။ စင်္ကြံများအပါအဝင် အခြားနေရာတွေလည်း အမှိုက်နဲ့ ပြည့်နေတာကြောင့် သူတို့အားလုံးက အခန်းငယ်တစ်ခုမှာ အိပ်ကြရပါတယ် ။ “ မှန်မှန်ကန်ကန်သုံးနေသ၍ ဘယ်အရာမဆိုအသုံးဝင်တယ် ” လို့ Choi က မြို့လမ်းမတွေကို နေ့စဉ်လှည့်လည်ပြီး ကျပန်းပစ္စည်းမျိုးစုံကို စုဆောင်းထားပါတယ် ။
အသက် ၄၀ ကျော်ပြီဖြစ်တဲ့ Choi တို့ရဲ့သားက ကိုယ်အလေးချိန် ကီလိုဂရမ် ၁၀၀ ကျော် ရှိပြီး တစ်နှစ်ကျော် လုံးလုံး အပြင်မထွက် ၊ ဘာမှမလုပ်ဘဲ ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ တနေ့လုံး ထိုင်နေတာပါ ။ သူ့ရဲ့ မိဘတွေက သူ့ကို အပြင်ထွက်ပြီးအလုပ်ရှာဖို့ ထပ်ခါတလဲလဲ တောင်းပန်းလည်း ငြင်းဆိုခဲ့ပါတယ် ။
“ ငါ့သားက အိမ်မှာနေရတာ ကြိုက်တယ်၊ သူကအပြင်ထွက်ပြီး အလုပ်တွေမရှာတော့ ငါတို့ကိုစိတ်ပူစေတယ် ။ ငါ့မိန်းမနဲ့ငါကမကြာခင်သေရတော့မယ်၊ အထောက်အပံ့ မရှိဘဲ သူတစ်ယောက်တည်း ကျန်နေမှာကို ငါကြောက်တယ်၊ ဒါကြောင့် ငါ့အိမ်မှာ အမှိုက်တွေကို သိုလှောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ များလေပိုကောင်းလေဘဲ ” လို့ Choi က ပြောကြားခဲ့ပါတယ် ။
ကံမကောင်းစွာဖြင့် SBS မှ ပေးအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတစ်ခုအရ Choi ရဲ့ ဇနီးဟာ ပြင်းထန်တဲ့ နှလုံးရောဂါခံစားနေရပါတယ် ။ ဆရာဝန်တွေက သူမကို သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တွင်နေထိုင်ရန်နဲ့ သူမရဲ့ အခြေအနေပိုကောင်းစေရန် လေ့ကျင့်ခန်းများများလုပ်ဖို့ အကြံပြုထားပါတယ် ။
အစပိုင်းမှာ တွန့်ဆုတ်သော်လည်း ၇၅ နှစ်အရွယ်အမျိုးသား Choi က သူ့ရဲ့ဇနီးအတွက် အိမ်ကိုသန့်ရှင်းရေးလုပ်ရန် သဘောတူခဲ့ပါတယ် ။ ဆယ်နှစ်တာကာလအတွင်း စုဆောင်းထားတဲ့ အမှိုက်တန်ချိန် ၁၅၀ ကို လူ ၂၂၆ ယောက် နဲ့ ရှင်းယူခဲ့ရပါတယ် ။ အစပိုင်းမှာ လင်မယားနှစ်ယောက်တိို့ရဲ့သားက အခန်းထဲကနေ အပြင်ထွက်ဖို့ ငြင်းဆန်ခဲ့ပြီး အလုပ်သမားတွေက အမှိုက်တွေအားလုံးရှင်းပြီးတဲ့အချိန်မှာ နောက်ဆုံး မိဘတွေနဲ့စကားပြောပြီး တစ်နှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်အပြင်ကို ထွက်ခဲ့ပါတယ် ။ နှစ်ပေါင်းများစွာ အမှိုက်တွေနဲ့နေလာပြီး ပထမဆုံးအကြိမ် သူ့အိမ်သန့်ရှင်းပြီးနောက် အမှိုက်သရိုက်တွေ ကင်းစင်တာကို မြင်လိုက်ရတဲ့အခါမှာတော့ Choi က ငိုပြီး“ ငါ့ဇနီးရဲ့အနာဂတ်နဲ့ကျန်းမာရေးအတွက်ငါအမှိုက်မကောက်တော့ဘူး” လို့ ပြောခဲ့ပါတယ် ။
Zawgyi
SBS, ေတာင္ကိုရီးယား႐ုပ္ျမင္သံၾကားမီဒီယာေတြက လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္း Gwangju ျပည္နယ္က အသက္ ၇၅ ႏွစ္အ႐ြယ္အဘိုးအို Choi ရဲ႕ အံ့အားသင့္ဖြယ္ အေၾကာင္းကို တင္ျပခဲ့ပါတယ္ ။ သူဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္း သူ႔ရဲ႕ ႏွစ္ထပ္အိမ္ကို ၿမိဳ႕လမ္းက အမႈိက္ေတြ စုေဆာင္းထားတာေၾကာင့္ သူ႔အိမ္ဟာ အမႈိက္မ်ားအျဖစ္သို႔ ေျပာင္းလဲေစခဲ့ပါတယ္ ။ Choi က အမႈိက္သ႐ိုက္ေတြဟာ ရတနာျဖစ္တယ္လို႔ ယုံၾကည္ၿပီး လသာေဆာင္နဲ႔ ၿခံဝင္းနဲ႔ အတူတူ သူရဲ႕အိမ္ကို အမႈိက္မ်ားနဲ႔ျပည့္ေစခဲ့တာပါ ။ ဓါတ္ပုံေတြမွာ စာဖတ္သူတို႔ျမင္တဲ့အတိုင္းဘဲ၊ သူ႔ရဲ႕အိမ္က အမႈိက္ေတြနဲ႔ အေတာ္ေလး ျမႇဳပ္ထားပါတယ္ ။
Choi ရဲ႕ အိမ္ေရွ႕တံခါးက အမႈိက္အိတ္ေတြနဲ႔ ဖုံးလႊမ္းေနတာေၾကာင့္ SBS သတင္းေထာက္ေတြက စုံစမ္းရန္ သူတို႔ရဲ႕အိမ္ကိုတက္ၿပီး အတြင္းထဲေရာက္တဲ့အခါမွာ အမႈိက္သ႐ိုက္ေတြက သူတို႔ကို အဆက္မျပတ္ေခ်ာင္းဆိုးေစၿပီး အသက္ရႉက်ပ္ျခင္းနဲ႔ ႀကဳံေတြ႕ရပါတယ္ ။ ဒါေပမဲ့ ထိုအိမ္ထဲမွာေနထိုင္တဲ့ မိသားစုသုံးေယာက္က ႏွစ္ေပါင္းမ်ားစြာ ၎အနံ႔ကို ခံေနရတာပါ ။
Choi က အသက္ ၇၀ အ႐ြယ္ရွိ ဇနီးနဲ႔ သူတို႔ရဲ႕သား ဟာ အမႈိက္ျပည့္ေနတဲ့အိမ္မွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ ေနထိုင္ခဲ့တာပါ ။ စႀကႍမ်ားအပါအဝင္ အျခားေနရာေတြလည္း အမႈိက္နဲ႔ ျပည့္ေနတာေၾကာင့္ သူတို႔အားလုံးက အခန္းငယ္တစ္ခုမွာ အိပ္ၾကရပါတယ္ ။ “ မွန္မွန္ကန္ကန္သုံးေနသ၍ ဘယ္အရာမဆိုအသုံးဝင္တယ္ ” လို႔ Choi က ၿမိဳ႕လမ္းမေတြကို ေန႔စဥ္လွည့္လည္ၿပီး က်ပန္းပစၥည္းမ်ိဳးစုံကို စုေဆာင္းထားပါတယ္ ။
အသက္ ၄၀ ေက်ာ္ၿပီျဖစ္တဲ့ Choi တို႔ရဲ႕သားက ကိုယ္အေလးခ်ိန္ ကီလိုဂရမ္ ၁၀၀ ေက်ာ္ ရွိၿပီး တစ္ႏွစ္ေက်ာ္ လုံးလုံး အျပင္မထြက္ ၊ ဘာမွမလုပ္ဘဲ ဒီအခန္းက်ဥ္းက်ဥ္းေလးထဲမွာ တေန႔လုံး ထိုင္ေနတာပါ ။ သူ႔ရဲ႕ မိဘေတြက သူ႔ကို အျပင္ထြက္ၿပီးအလုပ္ရွာဖို႔ ထပ္ခါတလဲလဲ ေတာင္းပန္းလည္း ျငင္းဆိုခဲ့ပါတယ္ ။
“ ငါ့သားက အိမ္မွာေနရတာ ႀကိဳက္တယ္၊ သူကအျပင္ထြက္ၿပီး အလုပ္ေတြမရွာေတာ့ ငါတို႔ကိုစိတ္ပူေစတယ္ ။ ငါ့မိန္းမနဲ႔ငါကမၾကာခင္ေသရေတာ့မယ္၊ အေထာက္အပံ့ မရွိဘဲ သူတစ္ေယာက္တည္း က်န္ေနမွာကို ငါေၾကာက္တယ္၊ ဒါေၾကာင့္ ငါ့အိမ္မွာ အမႈိက္ေတြကို သိုေလွာင္ဖို႔ ဆုံးျဖတ္လိုက္တယ္။ မ်ားေလပိုေကာင္းေလဘဲ ” လို႔ Choi က ေျပာၾကားခဲ့ပါတယ္ ။
ကံမေကာင္းစြာျဖင့္ SBS မွ ေပးအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈတစ္ခုအရ Choi ရဲ႕ ဇနီးဟာ ျပင္းထန္တဲ့ ႏွလုံးေရာဂါခံစားေနရပါတယ္ ။ ဆရာဝန္ေတြက သူမကို သန႔္ရွင္းတဲ့ ပတ္ဝန္းက်င္တြင္ေနထိုင္ရန္နဲ႔ သူမရဲ႕ အေျခအေနပိုေကာင္းေစရန္ ေလ့က်င့္ခန္းမ်ားမ်ားလုပ္ဖို႔ အႀကံျပဳထားပါတယ္ ။
အစပိုင္းမွာ တြန႔္ဆုတ္ေသာ္လည္း ၇၅ ႏွစ္အ႐ြယ္အမ်ိဳးသား Choi က သူ႔ရဲ႕ဇနီးအတြက္ အိမ္ကိုသန႔္ရွင္းေရးလုပ္ရန္ သေဘာတူခဲ့ပါတယ္ ။ ဆယ္ႏွစ္တာကာလအတြင္း စုေဆာင္းထားတဲ့ အမႈိက္တန္ခ်ိန္ ၁၅၀ ကို လူ ၂၂၆ ေယာက္ နဲ႔ ရွင္းယူခဲ့ရပါတယ္ ။ အစပိုင္းမွာ လင္မယားႏွစ္ေယာက္တိို႔ရဲ႕သားက အခန္းထဲကေန အျပင္ထြက္ဖို႔ ျငင္းဆန္ခဲ့ၿပီး အလုပ္သမားေတြက အမႈိက္ေတြအားလုံးရွင္းၿပီးတဲ့အခ်ိန္မွာ ေနာက္ဆုံး မိဘေတြနဲ႔စကားေျပာၿပီး တစ္ႏွစ္ေက်ာ္အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ အိမ္အျပင္ကို ထြက္ခဲ့ပါတယ္ ။ ႏွစ္ေပါင္းမ်ားစြာ အမႈိက္ေတြနဲ႔ေနလာၿပီး ပထမဆုံးအႀကိမ္ သူ႔အိမ္သန႔္ရွင္းၿပီးေနာက္ အမႈိက္သ႐ိုက္ေတြ ကင္းစင္တာကို ျမင္လိုက္ရတဲ့အခါမွာေတာ့ Choi က ငိုၿပီး“ ငါ့ဇနီးရဲ႕အနာဂတ္နဲ႔က်န္းမာေရးအတြက္ငါအမႈိက္မေကာက္ေတာ့ဘူး” လို႔ ေျပာခဲ့ပါတယ္ ။
Leave a Reply