သားဖြစ်သူရဲ့မွေးရာပါအမှတ်နဲ့ တူညီတဲ့တက်တူးရဖို့ နာရီ ၃၀ အချိန်ယူထိုးခဲ့ရတဲ့ ဖခင်တစ်ဦး

ကနေဒါနိုင်ငံ Alberta ပြည်နယ် Stony Plain မြို့မှ Derek Prue Sr အမည်ရှိတဲ့ဖခင်တစ်ဦးဟာ Derek Jr အမည်ရှိ ၈နှစ်အရွယ်သားဖြစ်သူက ရေကူးကန်ထဲမှာ သူ့ရဲ့တီရှပ်ကိုချွတ်ဖို့ ငြင်းဆန်နေတာကို သတိပြုမိပြီးနောက် သားဖြစ်သူရဲ့မွေးရာပါအမှတ်နှင့်ကိုက်ညီတဲ့ တက်တူးထိုးပြီး သားဖြစ်သူကို ပံ့ပိုးပေးခဲ့ပါတယ်။

Derek Jr က ရင်ဘတ်ပေါ်ရှိမွေးရာပါအမှတ်အသားကို အမြဲဂုဏ်ယူနေခဲ့ပေမဲ့ သူ ၎င်းကိုစတင်ဖုံးကွယ်ချင်လာတာကို အဖေဖြစ်သူ Prue Sr က ရိပ်မိသွားခဲ့ပြီးနောက်မှာတော့ Juicy Quill Tattoo ဆိုင်ကိုတိတ်တခိုးသွားခဲ့ပြီး တက်တူးထိုးခဲ့ပါတယ်။Prue Sr က “ပထမထိုင်ခုံမှာ လေးနာရီကြာတယ်၊ပြီးတော့ ဘာတွေဖြစ်နေလဲဆိုတာကို ငါမကြည့်တော့ဘူး ၊ လေးနာရီကြာတော့ ပြီးပြီလို့ ငါထင်ခဲ့တယ် ၊ ပြီးပြီလား လို့ မေးတော့ သူက”အကြမ်းဖျင်းတော့ပြီးခါနီးပြီ”လို့ဘဲ ဖြေခဲ့ပြီး တက်တူးတစ်ခုလုံးပြီးဖို့ နာရီ ၃၀ ကြာသွားခဲ့တယ်” လို့ ဆိုထားပါတယ်။

ခန္ဓာကိုယ်ရှိနံရိုးများ နှင့် နို့သီးဧရိယာများရဲ့ အာရုံကြောအစင်းတွေက အရမ်းထိခိုက်လွယ်ပြီး တက်တူးရဲ့အရွယ်အစားကြီးမားမှုကြောင့် နာကျင်မှုကိုသက်သာစေဖို့ အကြိမ်ကြိမ် အအေးခံခဲ့ရကြောင်း တက်တူးဆရာက ဆိုခဲ့ပါတယ်။Derek Jr က သူ့အဖေဘာလုပ်ခဲ့မှန်းမသိဘဲ သားအဖအတူတူ ရေကူးကန်သို့သွားကြပြီး Prue Sr က အင်္ကျီချွတ်ကာ သားဖြစ်သူအား တူညီတဲ့အမှတ်အသားကြီးတစ်ခုကို ပြသခဲ့ပါတယ်။

ထို့နောက် Derek Jr က “ဒါအရမ်းမိုက်တယ်”လို့ပြောရင်း သူ့အဖေမျှော်လင့်ထားတဲ့အတိုင်း င်္အကျီချွတ်လိုက်ပြီး ရေကစားခဲ့ပါတော့တယ်။ထို့နောက် သူတို့သားအဖဟာ Tattoo ဆိုင်သို့သွားခဲ့ပြီး တက်တူးဆရာကို နှိုင်းယှဉ်ပြခဲ့တာကြောင့် “သူက သူ့သားကို ယုံကြည်မှုရှိအောင် ကူညီပေးခဲ့တာ ၊ ငါတို့က သူတို့ဇာတ်လမ်းလေးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ခဲ့တယ်” လို့ တက်တူးစတူဒီယိုက social media မှာ ရေးတင်ပေးခဲ့လို့ ကြည်နူးစရာကောင်းတဲ့သူတို့သားအဖဇာတ်လမ်းလေးက အခုလို လူသိများသွားခဲ့တာပါ။

Derek Jr ရဲ့မိခင် Hope Marie က အဆိုပါတက်တူးစတူဒီယိုအား “မင်းတို့က ငါတို့ဘ၀ရဲ့ထာဝရအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေမှာပါ ၊ မင်းတို့ Derek Jr ကိုပေးခဲ့တဲ့ ပန်းချီကားကတော့ သူ့အိမ်ထဲကို ရောက်နေခဲ့ပြီ ၊ မင်းတို့လည်း မိသားစုနဲ့အတူ ခရစ္စမတ်ပွဲကိုပျော်ရွှင်စွာကျင်းပနိုင်ပါစေ ၊ ပြီးတော့ ပြောမပြတတ်အောင် ကျေးဇူးအများကြီး တင်ပါတယ်” လို့ မှတ်ချက်ဝင်ပေးခဲ့ပါသေးတယ်။မိဘတွေရဲ့ ချစ်ခြင်းမေတ္ထာဟာ ဘယ်အရာနဲ့မှ အစားမထိုးနိုင်တာကို သူတို့သားအဖရဲ့ဇာတ်လမ်းလေးကို ကြည့်ရင်း နားလည်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*