သားဖြစ်သူမအိပ်သေး၍ စိတ်ရှည်လက်ရှည်နှင့်သီချင်းဆိုချော့သိပ်နေသော တက်တူးအပြည့်နှင့်ဖခင် နာမည်ကြီးနေ
သားဖြစ်သူမအိပ်သေး၍ စိတ်ရှည်လက်ရှည်နှင့်သီချင်းဆိုချော့သိပ်နေသော တက်တူးအပြည့်နှင့်ဖခင် နာမည်ကြီးနေ
တက်တူးထိုးထားသော သူများကို စိတ်ကြမ်းကိုယ်ကြမ်းနှင့် လူဆိုးဂိုဏ်းများလို ကြမ်းကြမ်းရမ်းရမ်း ဖြစ်နေလိမ့်မည်ဟု များသောဖြင့် မြင်တတ်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ခန္ဓာကိုယ်တွင် တက်တူးအပြည့်ထိုးထားသော ဖခင်တစ်ယောက်ဧ။် သားလေးအိပ်အောင်ဆိုပြီး မဆိုတတ်ဆိုတတ်သီချင်းနှင့် စိတ်ရှည်ရှည်ချော့သိပ်နေသော မြင်ကွင်းလေးကို မြင်ခြင်းအားဖြင့် နူးညံ့သိမ်မွေ့သော အပြုအမူများကြောင့် နွေးထွေးမှုကို ရရှိပါလိမ့်မည်။
အမျိုးသားသည် ညဖက်တွင် ထရပ်ကားမောင်းသူ တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူနှင့် သားလေးအပေါ် ရှာကျွေးပြီး ဂရုစိုက်ကြင်နာမှုလည်း ပေးခဲ့သည်။
အမျိုးသားသည် သူဧ။်ဇနီးကလေးမွေးဖွားချိန်မှစပြီး ကလေးနှင့်ပက်သက်သော တာဝန်မှန်သမျှ အနှီးလဲပေးခြင်း ရေချိုးပေးခြင်း ချော့တိတ်ခြင်း စသဖြင့် အစစအရာရာအကုန်လုံး သူတစ်ယောက်တည်း နိုင်အောင် လုပ်ဆောင်ပေးခဲ့သည်။
ထိုနေ့တွင် ကလေးသည် မအိပ်၍ မိခင်မှ ချော့သိပ်ရန်ဖခင်ဖြစ်သူ လက်ထဲပေးခဲ့သည်နှင့် အိပ်ပျော်သွားသည်ကို အမျိုးသားဧ။် နွေးထွေးကြင်နာမှုကို ဗွီဒီယိုလေးရိုက်ကာ လူမှုကွန်ယက်တွင် မျှဝေခဲ့ပြီး အများမှ ချီးကျူးခဲ့ကြသည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*