သားဖြစ်သူကို ဖုန်းထဲရှိဂိမ်းတစ်ခုအား အကြောင်းမသိဘဲကစားခွင့်ပေးခဲ့မိလို့ ဂိမ်းကြွေးပြန်အပ်ရန် ကားပါရောင်းလိုက်ရတဲ့ ဖခင်

သားဖြစ်သူကို ဖုန်းထဲရှိဂိမ်းတစ်ခုအား အကြောင်းမသိဘဲကစားခွင့်ပေးခဲ့မိလို့ ဂိမ်းကြွေးပြန်အပ်ရန် ကားပါရောင်းလိုက်ရတဲ့ ဖခင်

Muhammad Ashaz အမည်ရှိဖခင်တစ်ဦးဟာ Wales နိုင်ငံ Colwyn မြို့မှ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ဂိမ်းတစ်ခုက free ကစားရတာလို့ထင်ခဲ့တာကြောင့် သူဟာ သားဖြစ်သူအား သူ့ရဲ့စမတ်ဖုန်းဖြင့် ၎င်းဂိမ်းကို ကစားခွင့်ပေးခဲ့ပါတယ်။ သို့ပေမဲ့ ၎င်းဟာ သူထင်ထားတာထက်ပိုရှုပ်ထွေးလာခဲ့ပြီး သူဟာ မထင်မှတ်ဘဲ ပေါင် ၁၂၈၉.၇ တန်ဖိုးရှိငွေတောင်းခံလွှာကို လက်ခံရရှိခဲ့ရပါတယ်။

သူဟာ သားဖြစ်သူက ဂိမ်းထဲမှ သုံးလိုက်တဲ့ ပေါင် ၁.၉၉ ကနေ ပေါင် ၉၉.၉၉ ကသင့်ငွေများနှင့်အတူ အီးမေးလ် ၂၉ စောင်ကို လက်ခံရရှိခဲ့ပါတယ်။ Ashaz ဟာ ၎င်းဂိမ်းတီထွင်တဲ့သူတွေက မိဘများဆီကနေငွေရှာနိုင်ရန်အတွက် ကလေးတွေကိုအသုံးချခဲ့တာကြောင့် ဒေါသထွက်ခဲ့ရပါတယ်။ ထို့ပြင် Ashaz က ကလေးဂိမ်းတွေအတွက် ဤမျှလောက်ငွေကြေးကိုအမြောက်အမြားသုံးစွဲရလိမ့်မယ်လို့ မထင်ခဲ့ဘူးကြောင်း ဆိုခဲ့ပါတယ်။

သူ့ရဲ့တိုင်ကြားချက်ကြောင့် Apple ကုမ္ပဏီဟာ သူ့အား ပေါင် ၂၀၇ ပြန်ပေးခဲ့ပေမဲ့ သူဟာ ကျန်တဲ့အကြွေးကို ပေးချေရန် သူ့ကားကိုပင်ရောင်းချခဲ့ရပါတယ်။ဤအဖြစ်အပျက်ကြောင့် နောက်ပိုင်းမှာ Apple ဟာ သုံးစွဲသူများအား ဂိမ်းထဲ၌ Ask to buy ဆိုတဲ့ အင်္ဂါရပ်ကို ထည့်သွင်းရန်လိုအပ်ကြောင်းသတိပေးခဲ့ပြီး ၎င်းတို့ကလေးများက app အသစ်တစ်ခုကိုဝယ်ယူတဲ့အခါ ၎င်း features ဟာ သုံးစွဲသူတွေကို သတိပေးလိမ့်မည်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

မကြာသေးမီက နယူးယောက်မြို့ရှိမိခင်တစ်ဦး ဟာလည်း အလားတူဖြစ်ရပ်မျိုးကိုကြုံခဲ့ရပါတယ်။ သူမ၏ ၄ နှစ်အရွယ်သားဖြစ်သူဟာ သူမ၏စမတ်ဖုန်းကိုသုံးပြီးနောက် ကြီးမားတဲ့အကြွေးစာရင်းတစ်ခုကိုကျန်ရစ်ထားခဲ့ပါတယ်။၎င်းဇာတ်လမ်းထဲကကောင်လေး Noah Bryant ဟာ Amazon မှာ SpongeBob ပုံစံရေခဲမုန့် ၉၁၈ လုံးပါတဲ့ရေခဲမုန့် ၅၁ သေတ္တာကို မှာယူခဲ့တာကြောင့် အမေဖြစ်သူက ၎င်းဥပဒေကြမ်းအတွက် USD ဒေါ်လာ 2,618 ကို ပေးဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။

ထို့နောက် မိခင်ဖြစ်သူက Amazon သို့ သူမရဲ့တိုင်ကြားချက်ကိုပေးပို့ခဲ့ပေမယ့် ၎င်းကုမ္ပဏီက ၎င်းတို့ပြန်ယူရမယ့်အရာတွေကိုလက်ခံမှာမဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်။ ထို့နောက် သူမဟာ အကူအညီတောင်းရန် သူမ၏တက္ကသိုလ် Facebook page တွင် thread တစ်ခုတင်ခဲ့ရပါတယ်။

ထို့နောက် သူမ၏အတန်းဖော်က Noahရဲ့ရေခဲမုန့်စားနေသောပုံကိုတင်ပြီး လူအများအား အကူအညီတောင်းခံခဲ့ရပါတယ်။ ထို့နောက် စိတ်ကောင်းစေတနာရှိသူများရဲ့အလှူငွေများဖြင့် အဆိုပါမိခင်ဖြစ်သူဟာ ဥပဒေကြမ်းကိုပေးချေနိုင်ဖို့ အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ကို လက်ခံရရှိခဲ့ရပါတယ်။

Zawgyi

သားျဖစ္သူကို ဖုန္းထဲရွိဂိမ္းတစ္ခုအား အေၾကာင္းမသိဘဲကစားခြင့္ေပးခဲ့မိလို႔ ဂိမ္းေႂကြးျပန္အပ္ရန္ ကားပါေရာင္းလိုက္ရတဲ့ ဖခင္

Muhammad Ashaz အမည္ရွိဖခင္တစ္ဦးဟာ Wales ႏိုင္ငံ Colwyn ၿမိဳ႕မွ ဆရာဝန္တစ္ဦးျဖစ္ပါတယ္။ ဂိမ္းတစ္ခုက free ကစားရတာလို႔ထင္ခဲ့တာေၾကာင့္ သူဟာ သားျဖစ္သူအား သူ႔ရဲ႕စမတ္ဖုန္းျဖင့္ ၎ဂိမ္းကို ကစားခြင့္ေပးခဲ့ပါတယ္။ သို႔ေပမဲ့ ၎ဟာ သူထင္ထားတာထက္ပိုရႈပ္ေထြးလာခဲ့ၿပီး သူဟာ မထင္မွတ္ဘဲ ေပါင္ ၁၂၈၉.၇ တန္ဖိုးရွိေငြေတာင္းခံလႊာကို လက္ခံရရွိခဲ့ရပါတယ္။

သူဟာ သားျဖစ္သူက ဂိမ္းထဲမွ သုံးလိုက္တဲ့ ေပါင္ ၁.၉၉ ကေန ေပါင္ ၉၉.၉၉ ကသင့္ေငြမ်ားႏွင့္အတူ အီးေမးလ္ ၂၉ ေစာင္ကို လက္ခံရရွိခဲ့ပါတယ္။ Ashaz ဟာ ၎ဂိမ္းတီထြင္တဲ့သူေတြက မိဘမ်ားဆီကေနေငြရွာႏိုင္ရန္အတြက္ ကေလးေတြကိုအသုံးခ်ခဲ့တာေၾကာင့္ ေဒါသထြက္ခဲ့ရပါတယ္။ ထို႔ျပင္ Ashaz က ကေလးဂိမ္းေတြအတြက္ ဤမွ်ေလာက္ေငြေၾကးကိုအေျမာက္အျမားသုံးစြဲရလိမ့္မယ္လို႔ မထင္ခဲ့ဘူးေၾကာင္း ဆိုခဲ့ပါတယ္။

သူ႔ရဲ႕တိုင္ၾကားခ်က္ေၾကာင့္ Apple ကုမၸဏီဟာ သူ႔အား ေပါင္ ၂၀၇ ျပန္ေပးခဲ့ေပမဲ့ သူဟာ က်န္တဲ့အေႂကြးကို ေပးေခ်ရန္ သူ႔ကားကိုပင္ေရာင္းခ်ခဲ့ရပါတယ္။ဤအျဖစ္အပ်က္ေၾကာင့္ ေနာက္ပိုင္းမွာ Apple ဟာ သုံးစြဲသူမ်ားအား ဂိမ္းထဲ၌ Ask to buy ဆိုတဲ့ အဂၤါရပ္ကို ထည့္သြင္းရန္လိုအပ္ေၾကာင္းသတိေပးခဲ့ၿပီး ၎တို႔ကေလးမ်ားက app အသစ္တစ္ခုကိုဝယ္ယူတဲ့အခါ ၎ features ဟာ သုံးစြဲသူေတြကို သတိေပးလိမ့္မည္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီက နယူးေယာက္ၿမိဳ႕ရွိမိခင္တစ္ဦး ဟာလည္း အလားတူျဖစ္ရပ္မ်ိဳးကိုႀကဳံခဲ့ရပါတယ္။ သူမ၏ ၄ ႏွစ္အ႐ြယ္သားျဖစ္သူဟာ သူမ၏စမတ္ဖုန္းကိုသုံးၿပီးေနာက္ ႀကီးမားတဲ့အေႂကြးစာရင္းတစ္ခုကိုက်န္ရစ္ထားခဲ့ပါတယ္။၎ဇာတ္လမ္းထဲကေကာင္ေလး Noah Bryant ဟာ Amazon မွာ SpongeBob ပုံစံေရခဲမုန႔္ ၉၁၈ လုံးပါတဲ့ေရခဲမုန႔္ ၅၁ ေသတၱာကို မွာယူခဲ့တာေၾကာင့္ အေမျဖစ္သူက ၎ဥပေဒၾကမ္းအတြက္ USD ေဒၚလာ 2,618 ကို ေပးေဆာင္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ထို႔ေနာက္ မိခင္ျဖစ္သူက Amazon သို႔ သူမရဲ႕တိုင္ၾကားခ်က္ကိုေပးပို႔ခဲ့ေပမယ့္ ၎ကုမၸဏီက ၎တို႔ျပန္ယူရမယ့္အရာေတြကိုလက္ခံမွာမဟုတ္ဘူးလို႔ ေၾကျငာခဲ့ပါတယ္။ ထို႔ေနာက္ သူမဟာ အကူအညီေတာင္းရန္ သူမ၏တကၠသိုလ္ Facebook page တြင္ thread တစ္ခုတင္ခဲ့ရပါတယ္။

ထို႔ေနာက္ သူမ၏အတန္းေဖာ္က Noahရဲ႕ေရခဲမုန႔္စားေနေသာပုံကိုတင္ၿပီး လူအမ်ားအား အကူအညီေတာင္းခံခဲ့ရပါတယ္။ ထို႔ေနာက္ စိတ္ေကာင္းေစတနာရွိသူမ်ားရဲ႕အလႉေငြမ်ားျဖင့္ အဆိုပါမိခင္ျဖစ္သူဟာ ဥပေဒၾကမ္းကိုေပးေခ်ႏိုင္ဖို႔ အလႉေငြ ေဒၚလာ ၁၀,၀၀၀ ကို လက္ခံရရွိခဲ့ရပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*