
သားဖြစ်သူကို ကျောင်းသို့လိုက်ပို့သော်လည်း ကျောင်းသို့ရောက်သောအခါမှ ကလေးမပါလာသည်ကို သိလိုက်ရသော မိခင်၏အဖြစ်ပျက် ဗီဒီယို
အချို့သည် အလုပ်ကိစ္စများ၏ ရှုပ်ထွေးမှုနှင့် ဖိအားများကြောင့် ကိစ္စအနည်းငယ်ကို လျစ်လျူရှုကာ သတိမထားမိဘဲရှိနေတတ်ကြသည်။
အမေရိကန်နိုင်ငံမှ မိခင်တစ်ဦးသည် မေ့လျော့တတ်သောကြောင့်လား သို့မဟုတ် အလုပ်ရှုပ်နေသောကြောင့် သတိမထားမိသည်လား မပြောတတ်ပေ။သူမ၏ သားဖြစ်သူကို မနက်စောစော ကျောင်းသို့လိုက်ပို့ရာမှ သားဖြစ်သူ မပါလာဘဲ ကားကိုမောင်းထွက်လာမိခဲ့သည်။
ထို့နောက် လမ်းတစ်လျောက်လုံးတွင်လည်း သားဖြစ်သူမပါလာသည်ကို သတိမထားမိဘဲ ကျောင်းသို့ရောက်ရှိမှသာ သာဖြစ်သူ မပါလာမှန်သိတော့သည်။ထို့မှသာ အမျိုးသမီးသည်လည်း သူမ၏ အဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးထားပြီး သူမ၏ သားဘယ်မှာလဲဟုဆိုကာ အားရပါးရ ရာ်မောနေမိသည်။
သူမသည် သားကို အိမ်တွင်ကျန်ခဲ့ပြီး ကားမောင်းလာခဲ့သည့်အဖြစ်အပျက်ကို ကိုယ့်ကို သဘောကျနေခဲ့ပြီး မရပ်မနား ရယ်မောနေခဲ့သည်။သူမ၏ အဖြစ်အပျက်ဗီဒီယိုကို twitterပေါ်ပို့တင်လိုက်သောအခါ ကြည့်ရှု့သူပေါင်း၃.၅သန်းအထိပင် ရှိသွားခဲ့ပါတယ်။
Leave a Reply