သားဖြစ်သူကို ကစားကွင်းသို့ လိုက်ပို့ပေးမည်ဟု ခင်ပွန်းထံခွင့်တောင်းပြီး ကစားကွင်းတွင် ကိုယ်တိုင်ဝင်ဆော့ကာ သားဖြစ်သူကို အခြားသူများက ထိန်းပေးခဲ့ရသည့်အမျိုးသမီး

သားဖြစ်သူကို ကစားကွင်းသို့ လိုက်ပို့ပေးမည်ဟု ခင်ပွန်းထံခွင့်တောင်းပြီး ကစားကွင်းတွင် ကိုယ်တိုင်ဝင်ဆော့ကာ သားဖြစ်သူကို အခြားသူများက ထိန်းပေးခဲ့ရသည့်အမျိုးသမီး

 

စာဖတ်သူတို့အနေဖြင့်ရော အသက်အရွယ်ကြီးရင့်နေပေမဲ့ ကလေးစိတ်မကုန်ဘဲ ကစားကွင်းတွင် ဆော့ကစားချင်သည့် ဆန္ဒများရှိနေသေးရဲ့လား။အချို့မိန်းကလေးတော်တော်များသည် အရွယ်ရောက်ပြီးသော်လည်း ကလေးငယ်တစ်ဦးလို လွတ်လပ်ပေါ့ပါးစွာဖြင့် ဆော့ကစားချင်နေတတ်ကြပေသည်။

 

ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာတော့ သားတစ်ဦးပင် မွေးဖွားပြီးသော မိခင်တစ်ဦးဖြစ်သော်လည်း ကလေးစိတ်မကုန်ဘဲကစားကွင်းတွင် ဆော့ကစားနေခဲ့ပါတယ်။

 

သူမဟာ ခင်ပွန်းထံခွင့်တောင်းပြီး သားဖြစ်သူကို ကစားကွင်းသို့လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ကစားကွင်းသို့ရောက်သောအခါ အမျိုးသမီးဟာ သားကိုပစ်ထားပြီး ကိုယ်တိုင်ဆော့ကာပျော်ပါးနေခဲ့ရပါတယ်။

 

ထို့ကြောင့် ကလေးကို အခြားကစားကွင်းလာ မိဘများက ကူထိန်းပေးခဲ့ရပြီး အမျိုးသမီး၏ ဆော့ကစားနေပုံများကို ဓာတ်ပုံရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*