သားငယ်အတွက် ဆေးကုသစရိတ်မတက်နိုင်တော့လို့ဆိုပြီး ဆေးရုံရှေ့မှာ ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ မိခင်

သားငယ်အတွက် ဆေးကုသစရိတ်မတက်နိုင်တော့လို့ဆိုပြီး ဆေးရုံရှေ့မှာ ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ မိခင်

တရုတ်နိုင်ငံမှာရှိတဲ့ ဆေးရုံတစ်ခုရဲ့ရှေ့မှာ သားငယ်လေးအတွက် ဆေးကုသဖို့စရိတ်မတတ်နိုင်တော့လို့ဆိုပြီး ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ single မိခင်တစ်ယောက်ရဲ့ ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရှန်ဟိုင်းကလေးဆေးရုံအရှေ့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊

ယခုအချိန်မှာမှ တရုတ်နိုင်ငံရဲ့ကျန်းမာရေးကုသစရိတ်တွေဟာ လက်တွေ့မှာ အလွန်ခက်ခဲစေလျက်ရှိတယ်ဆိုပြီးတော့ ဓာတ်ပုံတွေဟာ online ပေါ်မှာပြန်ရေပန်းစားနေခဲ့တာဖြစ်ပါတယ် ။ မိခင်ဖြစ်သူ Guo Yinzhen ဟာ အသက် 45 နှစ်အရွယ်ရှိပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းခဲ့ပြီးနောက် သူမရဲ့ 3နှစ်အရွယ်သားလေး Guo Zhenghan ကို သူမတစ်ယောက်ထဲက ပြုစုပျိုးထောင်ခဲ့ရတာပါ ။

Yinzhen ဟာ စက်ရုံအလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပေမဲ့ သားလေးကိုမွေးဖွားပြီးနောက် အလုပ်ထွက်ခဲ့ရပါတယ် ။ ယခုအချိန်မှာတော့ သူမတို့သားအမိဟာ လက်ဖက်ရွက်တွေခူးပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူမရဲ့မိဘတွေကိုသာ အားကိုးပြီးနေထိုင်နေရကြောင်း သိရှိရပါတယ် ။

သားဖြစ်သူရဲ့ ကုသစရိတ်အတွက် 100,000 yuan ခန့်ထပ်မံလိုအပ်နေပြီး ၊ သားဖြစ်သူရဲ့ခွဲစိတ်ကုသစရိတ်အတွက် 400,000 yuan ကိုအသုံးပြုခဲ့ပြီးပြီဖြစ်ပြီး ၊ အကြွေတွေလည်းအများကြီးတင်နေလျက်ရှိကြောင်း သိရပါတယ် ။ ကံကောင်းစွာနဲ့ သူမတို့သားအမိရဲ့ဓာတ်ပုံဟာ ပျံ့နှံ့သွားခဲ့ပြီး 5 ရက်အကြာမှာတော့ Xiaoxingxin ဖောင်ဒေးရှင်းမှ သားငယ်လေးအတွက် နောက်ထပ်လိုအပ်တဲ့ဆေးကုသစရိတ်များကို အကုန်လုံးအကုန်အကျခံပြီး ကုသပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ယခုလက်ရှိမှာတော့ သားငယ်လေးရဲ့ကျန်းမာရေးဟာ အတော်လေးကောင်းမွန်နေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*