သားငယ်လေးအားကျောင်းသို့သွားပို့စဉ် မိုးရွာချ၍ အကာအကွယ်ပေးနေသော မိခင်တစ်ယောက်ဧ။် ချစ်ခြင်းမေတ္တာ
လူတိုင်းငယ်ရွယ်စဉ်က မိဘအုပ်ထိန်းသူတို့ဧ။် အလုပ်မအားသည့်ကြားက လက်ကလေးဆွဲကာ သို့မဟုတ် ကား၊ဆိုင်ကယ် ၊စက်ဘီးစသဖြင့် လိုက်ပို့ရသည့်အဖြစ်နှင့် ကြုံတွေ့ဖူးကြမှာပါ။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ လမ်းမပေါ်တွင် မိုးသည်းထန်စွာ ရွာနေသည့်ကြားကနေ သားငယ်လေးအား ကျောင်းသို့ ဆိုင်ကယ်နှင့်လိုက်ပို့သော မြင်ကွင်းလေးသည် လူတိုင်းဧ။် ငယ်ဘဝကိုပြန်မြင်ယောင်စေပြီး ရင်ထဲကိုထိစေသည်။
ထိုသားအမိနှစ်ယောက်သည် ကျောင်းသို့သွားစဉ် ရုတ်တရက်မိုးသည်းထန်စွာ ရွာလာ၍ မိခင်ဖြစ်သူမှ ကလေးငယ်လေးအား ပါလာသည့်မိုးကာအပိုင်းအစလေးနှင့် ပတ်ထားပေးပြီး ကိုယ်တိုင်ကျ ခေါင်းစ ခြေဆုံး မိုးအရွှဲခံကာ လိုက်ပို့ပေးခဲ့သည်။ကလေးငယ်လေးသည် မိုးကာပတ်ထားသော်လည်း ခေါင်းက အဆောင်းမပါ၍ မိုးစိုမည်စိုး၍ သူမဧ။် ရှပ်အင်္ကျီငယ်လေးအောက်တွင် အတင်းမိုးခိုစေပြီး ကာထားကာ ကျောင်းနောက်ကျမည်ကိုလည်း စိုးရိမ်နေခဲ့သည်။
ထိုမြင်ကွင်းကို မြင်တွေ့သူများမှာ ထိုသားအမိအား ဆိုင်ကယ် ရပ်ပြီး မိုးတိတ်မှ ကျောင်းသို့သွားသင့်သည် ဟုဆိုကာ အချို့သူများမှာတော့ အမျိုးသမီးဧ။် မိခင်မေတ္တာအပြည့်အဝရှိသူအဖြစ် ချီးကျူးခဲ့သည်။
Zawgyi
Leave a Reply