သားငယ်လေးကို မွေးနေ့ပွဲလေးကျင်းပပေးချင်သောကြောင့် မိတ်ဆွေများကို ဖိတ်ခဲ့သော်လည်း တစ်ယောက်မှမလာသောကြောင့် ဝမ်းနည်းနေရသည့် မိခင်တစ်ဦး

သားငယ်လေးကို မွေးနေ့ပွဲလေးကျင်းပပေးချင်သောကြောင့် မိတ်ဆွေများကို ဖိတ်ခဲ့သော်လည်း တစ်ယောက်မှမလာသောကြောင့် ဝမ်းနည်းနေရသည့် မိခင်တစ်ဦး

မိဘဆိုသည်မှာ သားသမီးတို့အတွက် မီးရှုးတန်ဆောင်တစ်ခုပင်ဖြစ်ပေသည်။မိဘတိုင်းသည် သားသမီးတို့ကို ပျော်ရွင်စွာဖြင့် ဖြတ်သန်းနေရသော ဘဝမျိုးကိုသာ မြင်တွေ့လိုကြပေသည်။ယခုတွင်လည်း မိခင်တစ်ဦးသည် သားငယ်လေး၏ ၆နှစ်ပြည့်မွေးနေ့ကို ကစားကွင်းထဲတွင် ပျော်ရွင်စွာဖြင့် ကျင်းပလိုသောကြောင့် မိတ်ဆွေ၂၂ဦးကို သေချာစွာဖြင့် ဖိတ်ကြားခဲ့ပါတယ်။

သို့သော်လည်း ဖိတ်ကြားထားသူများဟာ တစ်ဦးတစ်ယောက်မျှပင် ရောက်ရှိလာခဲ့ခြင်းမရှိသောကြောင့် မိခင်ဖြစ်သူဟာ အလွန်ပင်ဝမ်းနည်းကြေကွဲနေခဲ့ရပါတယ်။မိခင်တစ်ဦးဟာ သားလေးကို ဂုဏ်ယူစွာဖြင့် မွေးနေ့ကိတ်လေးဖြင့် ကျင်းပပေးချင်သော်လည်း လာရောက်သူမရှိခြင်းကြောင့် သူမ၏ ခံစားမှုဟာ မည်မျှပင်နာကျင်နေပေလိမ့်မည်နည်း။

မိဘတစ်ဦး၏မေတ္တာသည် သားသမီးတို့အတွက်ဆိုလျှင် အရာရာကိုပေးဆပ်ကာ ကြိုးပမ်းပေးချင်သူများဖြစ်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*