
သာမန်အသေးအဖွဲလေးဟာ ဘယ်လောက်အရေးပါလဲဆိုတာ သက်သေပြခဲ့သည့် သုံးလို့ပိုတဲ့အကြွေလေးတွေကို တစ်သန်းရအောင် စုဆောင်းနိုင်ခဲ့သည့် စုံတွဲနှစ်ဦး
လူအများစုတို့ဟာ အလုပ်မျိုးစုံကို ပင်ပန်းစွာလုပ်ကိုင်နေရပြီး ရရှိလာသည့်ငွေကြေးလေးများဖြင့် ဘဝရှင်သန်ရေးအတွက် အသုံးပြုရတတ်ပါတယ်။ထိုသို့အသုံးပြုရာတွင် စျေးနှုန်းတန်ဖိုးကြောင့် ရရှိလာသည့် အကြွေလေးတွေကို ဂရုမစိုက်ဘဲ ထားတတ်ကြပါတယ်။
ယခုတွင် ဖိလစ်ပိုင်နိုင်ငံမှ စုံတွဲလင်မယားနှစ်ဦးတို့ဟာ အကြွေပိုက်ဆံလေးများဟာလည်း ဘယ်လောက်အရေးပါလဲဆိုတာကို လက်တွေ့ပြသခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာ ပိုက်ဆံအသုံးပြုပြီး ပို့နေတဲ့ အကြွေစေ့လေးတွေကို ဂရုတစိုက်ဖြင့် စုဆောင်းကြမည်ဟု ကတိပြုခဲ့ကြပါတယ်။
ထို့ကြောင့် သေချာစုဆောင်းလာခဲ့ပြီး နှစ်အတော်ကြာလို့ တွက်ကြည့်လိုက်သောအခါ ပီဆို၁သန်းအထိပင်ရှိနေခဲ့တာဖြစ်ပါတယ်။သူတို့၏ ပိုက်ဆံများကို စုဆောင်းနိုင်မှုလေးအား လိုင်းပေါ်တွင် တင်လိုက်သောအခါ လူအများက အံ့သြနေခဲ့ကြရပါတယ်။
Leave a Reply