သာမန်ခွေးတွေနဲ့မတူဘဲ ကြောင်နဲ့တူနေလို့ လူအများကို ခွဲခြားရခက်သွားစေခဲ့တဲ့ ခွေးလေး

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Dúi လို့ခေါ်တဲ့ ထူးခြားတဲ့ခွေးလေးဟာ ခွေးတစ်ကောင်ရဲ့မျက်နှာပုံရှိပေမဲ့ သူ့ရဲ့ ထူထူလေးဖြစ်နေတဲ့အမွေး ၊ နားရွက် နှင့် အမြီးကလည်း အနည်းငယ်ရှည်နေတာကြောင့် ကြောင်တစ်ကောင်ရဲ့ပုံပန်းသဏ္ဍာန်နဲ့ အတော်လေး ဆင်တူနေပါတယ်။Dúi ဟာ လူအများအတွက် ခွေးလား ကြောင်လား ဆိုတာကို ခွဲခြားရခက်စေခဲ့ပါတယ်။တစ်ကယ်တော့ Dúi က အလွန်သစ္စာစောင့်သိတဲ့ သူ့ရဲ့ ဇာတိခွေးမျိုးနွယ် H’mong ခွေးအမျိုးအစား ကို Dingo အမည်ရှိတဲ့ခြေတိုတိုခွေးအမျိုးအစားနဲ့ ပေါင်းစပ်ထားပြီး မွေးလာလို့ အခုလိုဖြစ်နေခဲ့ကြောင်း ပိုင်ရှင်တွေဖြစ်တဲ့ Hai Anh နှင့် Tuan က ဆိုထားပါတယ်။ဒါပေမယ့် သူ့မှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေလည်း ရှိနေတာဖြစ်မယ်လို့လည်း ဆိုထားပါတယ်။Dui ကိုတောင်တန်းဒေသမှာ ဝယ်ယူမွေးစားခဲ့တာပါ။Dui ဟာ သူ့ရဲ့ခွဲခြားရခက်တဲ့ပုံပန်းသဏ္ဍာန်ကြောင့် social media မှာ လူအများက စိတ်ဝင်စားနေကြပြီး သူ့ရဲ့ Facebook page မှာလည်း ပရိသတ် အခိုင်အမာရရှိထားပါသေးတယ်။

#2

#3

#4

#5

#6

#7

#8

#9

#10

#11

#12

#13

#14

Be the first to comment

Leave a Reply

Your email address will not be published.


*