
အဝလွန်ခြင်းမရှိစေရန်အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရမည်ဟု တစ်သက်တာ စာချုပ်ချုပ်ဆိုကာ ကတိပေးရန် ဖခင်၏ ခိုင်းစေခြင်းကို ခံရသည့် မိန်းကလေး
ကမ္ဘာပေါ်တွင် မိဘတိုင်းသည် သားသမီးတို့ကို အမြဲတစ်စေ စောင့်ကြည့်နေတတ်ပြီး သားသမီး မျက်နှာငယ်ရမည့် အဖြစ်မျိုးကို မလိုလားကြပေ။
ယခုတွင်လည်း အသက်၅၆နှစ်အရွယ်ရှိ ဖခင်တစ်ဦးဟာ သူ၏သမီးဖြစ်သူကို အဝလွန်လာလျှင် ပတ်ဝန်းကျင်က ဝေဖန်ကဲ့ရဲ့မည်ကို စိုးရိမ်နေခဲ့ပုံ ရပါတယ်။
ထို့ကြောင့် သူ၏ အသက်၂၃နှစ်အရွယ် သမီးလေးကို တစ်သက်လုံး အဝလွန်လာခြင်းမရှိဘဲ ခန္ဓာကိုယ်လှပေနေရမည်ဟူသော ကတိစာချုပ်ကို လက်မှန်ထိုးရန် စေခိုင်းခဲ့ပါတယ်။
ဖခင်ဖြစ်သူဟာ လေ့ကျင့်ခန်းပြုလုပ်ရသည်ကို အလွန်သဘောကျပြီး သမီးဖြစ်သူကိုလည်း လေ့ကျင်ခန်းလုပ်ပြီး ခန္ဓာကိုယ်အလှကို ထိန်းသိမ်းရန် သင်ကြားပေးထားခဲ့ပါတယ်။
ထို့အပြင် ဖခင်ဟာ သမီးဖြစ်သူကို အလှမပျက်စေရန်အတွက် အစားအစားများကို ပုံမှန်သာ စားသုံးစေပြီး ဝလျှင်အောင်မစားသောက်ရန် တားမြစ်ထားပါသေးတယ်။
Leave a Reply