သမီးဖြစ်သူရဲ့ရုပ်အလောင်းကို တစ္ဆေသတို့သမီးအဖြစ် ရောင်းချခဲ့တဲ့ မိသားစု

တရုတ်နိုင်ငံရှိ မိသားစုတစ်စုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ကွယ်လွန်သွားခဲ့တဲ့ Kang Cuicui အမည်ရှိသမီးဖြစ်သူရဲ့ ရုပ်အလောင်းအား တစ္ဆေသတို့သမီးအဖြစ် ရောင်းချခဲ့ကြပါတယ်။

တရုတ်မီဒီယာတစ်ခုမှ Hebei ပြည်နယ်ရှိ ရှေးခေတ်အခမ်းအနားတစ်ခုမှာ Kang Cuicui ရဲ့ရုပ်အလောင်းအား အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း နဲ့ လက်ထပ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး တစ္ဆေတွေကိုလက်ထပ်ထိမ်းမြားပေးခြင်းက ကျွန်တော်တို့အတွက် ထူးဆန်းနေပေမဲ့ ၎င်းဟာ တရုတ်နိုင်ငံရဲ့ နှစ်ပေါင်းထောင်ချီကတည်းကဖြစ်ပျက်နေခဲ့တဲ့ သာမန်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

Cangzhou မြို့ Huanghua ကျေးရွာရှိ ရွာသူရွာသားများလုပ်ဆောင်ခဲ့တဲ့ရှေးရိုးရာဓလေ့ထုံးတမ်းကို ပြီးခဲ့တဲ့အပတ်က သတင်းတွေမှာဖော်ပြခဲ့ပြီးနောက် အဆိုပါအခမ်းအနားကို လူအများက အာရုံစိုက်နေခဲ့ကြပါတယ်။Kang ဟာ Li Zhong အမည်ရှိတဲ့ခင်ပွန်းဖြစ်သူကို နားလည်မှုလွှဲသွားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တာပါ။

Li Zhong နှင့် သူမရဲ့မိသားစုဟာ သင်္ချိုင်းဂူမှာ မမြှုပ်ခင် ရွှေရတနာများနှင့် ကွယ်လွန်သူဇနီးရဲ့ဈာပနအခမ်းအနားအတွက် ယွမ် ၁၀၀၀၀၀ (သိန်း ၂၀၀ ကျော်) သုံးစွဲခဲ့ကြပါတယ်။Li Zhong က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဇနီးဖြစ်သူရဲ့သင်္ချိုင်းဂူသို့သွားရောက်လည်ပတ်ခဲ့စဉ် သင်္ချိုင်းဂူဟာ အပေါက်ဖြစ်နေပြီး သူမနှင့်အတူ မြှုပ်နှံထားတဲ့ကျောက်မျက်ရတနာများနှင့် အဖိုးတန်ပစ္စည်းများပါ ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

Li Zhong ရဲ့မိသားစုက အဆိုပါအဖြစ်အပျက်ကို ရဲဆီတိုင်တန်းခဲ့ပြီး စုံစမ်းကြည့်တော့ ဇနီးKang ရဲ့မိသားစုက သူတို့သမီးရဲ့သင်္ချိုင်းကို ပြန်လည်တူးဖော်ခဲ့ကြောင်း သိသွားခဲ့ရပါတယ်။တစ်ကယ်တော့ Kang ရဲ့မိသားစုက သူမရဲ့ရုပ်အလောင်းကို ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့အမျိုးသားတစ်ဦးရဲ့မိသားစုဆီသို့ ယွမ် ၈၀,၀၀၀ (သိန်း ၁၆၅ ကျော်) ဖြင့် ရောင်းချခဲ့တာပါ။

Kang ရဲ့မိခင်က Li Zhong ရဲ့မိသားစုဟာ သူတို့ရဲ့မိသားစုသင်္ချိုင်းဂူတွေကို ​အခြားနေရာသို့ပြောင်းရွေ့ခဲ့ပေမဲ့ သမီးဖြစ်သူရဲ့သင်္ချိုင်းဂူကိုတော့ အဆိုပါနေရာမှာဘဲ ထားခဲ့တာကြောင့် ဒေါသထွက်ခဲ့ရပြီး ” ကျွန်မ သူ့ရဲ့သင်္ချိုင်းဂူတစ်ခုလုံးကို မရွှေ့နိုင်တော့ သူ့ရဲ့ရုပ်အလောင်းကိုဘဲ ထုတ်ယူခဲ့တယ် သူ့ကို အထီးကျန်တဲ့တစ္ဆေသရဲအဖြစ် မထားနိုင်လို့ အခုလိုလုပ်ခဲ့တာ” လို့ ရှင်းပြခဲ့ပါတယ်။

Traditional Chinese custom of ancestor worship.

သက်ဆိုင်တဲ့မိသားစုနှစ်ခုဟာ အဆိုပါတစ္ဆေလက်ထပ်ထိမ်းမြားပွဲကို နိုဝင်ဘာလ ၂၃ရက်နေ့မှာ ကျင်းပပေးခဲ့ကြပြီး နှစ်ဦးစလုံးရဲ့ရုပ်အလောင်းတွေကို အတူတူမြှုပ်နှံပေးခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*