သမီးဖြစ်သူက သူမရဲ့စာသင်ခန်းမှာ တအားပူကြောင်း ရှင်းပြပြီးနောက် ကျောင်းသို့ stand fan တစ်ခု သယ်သွားပေးခဲ့တဲ့ ဖခင်တစ်ဦး

သမီးဖြစ်သူက သူမရဲ့စာသင်ခန်းမှာ တအားပူကြောင်း ရှင်းပြပြီးနောက် ကျောင်းသို့ stand fan တစ်ခု သယ်သွားပေးခဲ့တဲ့ ဖခင်တစ်ဦး

မလေးရှားနိုင်ငံဟာ မတ်လ ၁ ရက်နေ့မှာ မူလတန်းကျောင်းသူ/သားများကို ပညာသင်ကြားပေးဖို့ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ကြပြီး ၎င်းတို့ကလည်း ပျော်ရွှင်ကြပုံရပါတယ်။အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ သူမရဲ့ကျောင်းတက်ရက်များကိုနှစ်သက်ပေမဲ့လည်း သူမဟာ မိခင်ဖြစ်သူထံ အကြောင်းအရာတစ်ခုကို တိုင်ကြားခဲ့ပါတယ်။

သူမတိုင်ကြားရခြင်းအကြောင်းက သူမတို့စာသင်ခန်းက အရမ်းပူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။Ros Ramlan အမည်ရှိထိုကျောင်းသူရဲ့မိခင်ဟာ သမီးဖြစ်သူက သူမဟာ သူတို့ရဲ့စာသင်ခန်းကအရမ်းပူရတဲ့အကြောင်းတိုင်ကြားနေတဲ့ ဗီဒီယိုကို သူမရဲ့ (@rosramlan) TikTok post မှာ တင်ခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ ပြဿနာကို နားထောင်ပေးနေတဲ့ Ros ရဲ့ခင်ပွန်းကလည်း သမီးဖြစ်သူရဲ့စာသင်ခန်းအတွက် stand fan တစ်ခုဝယ်ပေးရန် ချက်ချင်းဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။Ros ရဲ့ခင်ပွန်းဟာ တကယ်တမ်း သူမသမီးရဲ့ပထွေးတစ်ယောက်ဖြစ်ပေမဲ့လည်း သူတို့ရဲ့ဆက်ဆံရေးက သွေးသားအရင်းချာတွေလိုပါဘဲလို့ Ros က ဆိုပါတယ်။

ကလေးမလေးက သူမရဲ့စာသင်ခန်းပူရတဲ့အကြောင်းကို သူမရဲ့ဖခင်ဖြစ်သူအား ပြောပြပြီး နောက်တစ်နေ့မှာ ဖခင်ဖြစ်သူက သူ့ရဲ့အလုပ်ကိုနားပြီး ချက်ချင်း သမီးဖြစ်သူရဲ့အတန်းသို့ stand fan တစ်ခုသယ်ဆောင်သွားပေးခဲ့ကြောင်းကို Ros က ဗီဒီယိုမှာ ပြောပြခဲ့ပါတယ်။

Ros ဟာ ကျောင်းရှိ သမီးဖြစ်သူရဲ့အတန်းပိုင်ဆရာမ နှင့်တွေ့ဆုံပြီး ယခုအချိန်မှာ ကျောင်းအတွက် ပန်ကာများအလုံအလောက်မရှိသေးကြောင်းကို အတည်ပြုပြောဆိုခဲ့ပြီးတာကို ဆက်ပြောပြခဲ့ပါတယ်။“ ဒီပန်ကာက ကျွန်မသမီးအတွက်သာမဟုတ်ဘဲ ဒီစာသင်ခန်းတစ်ခုလုံးအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိတယ် ” လို့ Ros က ဆိုခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ဆရာကလည်း အတန်းတစ်ခုလုံးက သူတို့ရဲ့သင်ခန်းစာများကို လေ့လာရန် ပိုမိုသက်တောင့်သက်သာရှိသွားစေလိမ့်မယ် လို့ ပြောကြားခဲ့ပါတယ်။ကလေးမလေးက ချစ်တတ်လွန်းတဲ့ဖခင်ကို ပိုင်ဆိုင်ထားရသလို ဖခင်ဖြစ်သူကလည်း ချစ်ဖို့ကောင်းတဲ့သမီးလေးကို ပိုင်ဆိုင်ထားတော့ ချစ်မဆုံးဖြစ်နေပုံပါဘဲ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*