သဘာဝရဲ့အလှတရားကို အဝကြီးခံစားနိုင်မယ့် တောင်ကုန်းပေါ်က သစ်ပင်အိမ်လေး

အခုဖော်ပြမဲ့ ချစ်စရာကောင်းပြီးထူးခြားတဲ့အိမ်လေးငယ်လေးကတော့ နော်ဝေးနိုင်ငံ Odda မြို့ရဲ့တောင်ကုန်းမြင့်ပေါ်တစ်ခုမှာ @helenhardarchitects ဆိုသူက ဒီဇိုင်းဆွဲဆောက်လုပ်ထားတာပါ။အဆိုပါအိမ်ကို သစ်ပင်တစ်ပင်တည်းပေါ်မှာဘဲ ဆောက်လုပ်ထားပြီး အိမ်ရဲ့အောက်ပိုင်းကို သစ်သားအပိုင်းအစတွေနဲ့ ပတ်လည်ကွပ်ထားတာကြောင့် သူ့ပုံစံက Ice age ကာတွန်းကားထဲက ရှဉ့်ကောင်လေး အမြဲလိုက်ရှာဖမ်းနေရတဲ့ အသီးနဲ့တူနေပါတယ်။

အပေါ်ပိုင်းကိုတော့ ရူခင်းသာယာပြီး လှပတဲ့မြစ်ကို ခံစားကြည့်ရှုနိုင်ဖို့ မှန်တွေနဲ့ ကာထားပါတယ်။အဆိုပါအိမ်လေးက ဆိတ်ငြိမ်ပြီး အေးအေးချမ်းချမ်းနေချင်တဲ့သူတွေအတွက် အထူးသင့်လျော်နေမှာပါ။မနက်ခင်းကော်ဖီပူပူတစ်ခွက် နဲ့ စာအုပ်လေးဖတ်ရင်း ရှုခင်းလေးကြည့်ရင်း အကြိုက်တွေ့စေမှာအမှန်ပါဘဲ။

#3

#4

#5

#6

Be the first to comment

Leave a Reply

Your email address will not be published.


*