သတို့သားက သူ့ရဲ့ex ဆီပြန်သွားခဲ့ပြီးနောက် Pre-Wedding ဓာတ်ပုံကို တစ်ကိုယ်တည်း ဆက်ရိုက်ကူးခဲ့တဲ့ အမျိုးသမီး

သတို့သားက သူ့ရဲ့ex ဆီပြန်သွားခဲ့ပြီးနောက် Pre-Wedding ဓာတ်ပုံကို တစ်ကိုယ်တည်း ဆက်ရိုက်ကူးခဲ့တဲ့ အမျိုးသမီး

ယနေ့ခေတ် Gen-Z တို့ဟာ ချစ်ခြင်းရဲ့နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို အယုံအကြည်မရှိလာတော့သလို ဆက်ဆံရေးတစ်ခုကို မပျက်စီးအောင် ထိန်းသိမ်းရတာကိုလည်း ငြီးငွေ့လာတတ်ကြပါတယ်။သို့ပေမဲ့ ကျွန်တော်တို့ဟာ ၎င်းအရာတွေထပ် ရှင်းရှင်းလင်းလင်းနှင့် ပိုပြီးတိကျအရေးကြီးတဲ့အရာကို သိနေတာကြောင့် ယနေ့ခေတ်မှာ တစ်ကိုယ်တည်းနေထိုင်လာတတ်ကြတာတွေလည်း များလာပါတယ်။

ခုလည်း မလေးရှားနိုင်ငံရှိ အမျိုးသမီးတစ်ဦးဟာ သတို့သားရဲ့ထားခဲ့ခြင်းကို ခံခဲ့ရပေမဲ့လည်း သူမဟာ ထိုင်ခုံပျောက်အောင် မလုပ်ဘဲ သူမရှေ့ဆက်ရမယ့်အကြောင်းကို ဆက်လက်လုပ်ဆောင်သွားခဲ့ပါတယ်။ Jannah အမည်ရှိအဆိုပါအမျိုးသမီးဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လက်ထပ်ရန်စီစဉ်ထားခဲ့ပြီး သူမရဲ့ဓာတ်ပုံဆရာ Sayap (NURA QALBI PHOTO) အား မင်္ဂလာဆောင်ဓာတ်ပုံနှင့်ပတ်သက်ပြီး ရိုက်ကူးပေးဖို့ စိတ်လှုပ်ရှားစွာ ပြောဆိုနေခဲ့ပါတယ်။

သို့ပေမဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ Jannah ဟာ Sayap အား မင်္ဂလာပွဲပျက်သွားတာကြောင့် ဓာတ်ပုံရိုက်ကူးဖို့ကို မလုပ်တော့ဖို့ ပြန်ပြောခဲ့ရပါတယ်။ထို့သို့ ဖြစ်သွားခဲ့သော်လည်း Jannah ဟာ သူမရှေ့ဆက်လျှောက်နိုင်ရန်အတွက် pre wedding photoshot ကို တစ်ကိုယ်တည်း ဆက်လက်ရိုက်ကူးခဲ့ပါတော့တယ်။Jannah ရဲ့သတို့သားဟာ သူ့ရဲ့ရည်းစားဟောင်းနှင့်ပြန်တွဲခုတ်နိုင်ရန်အတွက် သူမအား လမ်းခွဲပစ်ခဲ့ပါတယ်။

Sayap က Janna ဟာ သူမရဲ့စေစပ်ထားတဲ့သူက သူမကိုစွန့်ခွာသွားတဲ့အချိန်မှာတောင် သူမဟာ အေးဆေးတည်ငြိမ်စွာနဲ့ သူမရဲ့ခံစားနေရတဲ့ခံစားမှုတစ်လျှောက်လုံးအတွက် ခွန်အားရှိနေဆဲဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။“ ငါတို့ အစီအစဉ်ဆွဲလို့ရပါတယ် ၊ ဒါပေမဲ့ အဆုံးသတ်ကိုတော့ ဘုရားသခင်က ဆုံးဖြတ်ပေးတယ် ၊ သင်ခန်းစာက လူတိုင်းဟာ သူတို့ရဲ့ဘဝလက်တွဲဖော်ကို အမြဲတမ်းတန်ဖိုးထားနေတတ်ဖို့ပါဘဲ ” လို့ Janna က ဆိုခဲ့ပါတယ်။

Facebook အသုံးပြုသူများက Janna အား အားပေးစကားပြောခဲ့ကြပြီး အချိန်တန်ရင် သူမလည်း ပိုမိုကောင်းမွန်တဲ့သူတစ်ဦးကို ရှာဖွေရန် ဆုတောင်းပေးခဲ့ကြသလို သူမဟာ လမ်းခွဲခြင်းနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့စဉ်အတွင်း ရဲရင့်ခဲ့ခြင်းအတွက်လည်း သူမအား ချီးမွမ်းခဲ့ကြပါတယ်။လမ်းခွဲခြင်းအဖြစ်အပျက်က သူမအား ကြိုတင်မပြောပြခဲ့ပေမဲ့ Janna ဟာ သူမရဲ့ကိုယ်ပိုင်ဘဝကို ဘယ်လိုပြောင်းလဲရမည်ကို လက်တွေ့ သက်သေပြနိုင်ခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*