သတို့သားက သတို့သမီးအရံနဲ့ အတူအိပ်ခဲ့တာကို သိရပြီးနောက် မင်္ဂလာပွဲကို ချက်ချင်းဖျက်သိမ်းပစ်ခဲ့တဲ့ သတို့သမီး

သတို့သားက သတို့သမီးအရံနဲ့ အတူအိပ်ခဲ့တာကို သိရပြီးနောက် မင်္ဂလာပွဲကို ချက်ချင်းဖျက်သိမ်းပစ်ခဲ့တဲ့ သတို့သမီး

လက်ထပ်ပြီးတဲ့စုံတွဲတွေအတွက် မင်္ဂလာဆောင်တဲ့နေ့က သူတို့ရဲ့ relationship မှာ အမှတ်ရစရာအကောင်းဆုံးနေ့ရက်တစ်ရက်ဘဲ ဖြစ်ပါတယ်။သို့ပေမဲ့ Nigeria ရှိမင်္ဂလာပွဲတစ်ခုကတော့ သတို့သမီးနှင့် သတို့သားအတွက် သာမက သူတို့ရဲ့အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူအားလုံးအတွက်လည်း မမေ့နိုင်စရာတစ်ခုဖြစ်သွားခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ သတို့သမီးကထိတ်လန့်တုန်လှုပ်စရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပြီးနောက် နောက်ဆုံးမိနစ်ပိုင်းအလိုမှာ အခမ်းအနားကို ရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်လို့ပါပဲ။စွပ်စွဲချက်များအရ သတို့သားဟာ သူတို့ရဲ့သတို့သမီးအရံတွေထဲကမှ သူမရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်နဲ့အတူတူ အိပ်ခဲ့လို့ပါ။

မင်္ဂလာဆောင်ပွဲက သူတို့စုံတွဲအတွက် ဘဝရဲ့အပျော်ရွှင်ရဆုံးနေ့ဖြစ်မလိုနဲ့ ကံဆိုးစွာနဲ့ဘဲ မဟုတ်ခဲ့ရပါဘူး။ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အပတ်က Nigeria နိုင်ငံ Abuja မြို့မှာ ဖြစ်ပွါးခဲ့ပါတယ်။Daily Star ဆောင်းပါးတစ်ပုဒ်အရ သတို့သမီးက church ကျောင်းသို့သွားနေစဉ် သူမနောက်ကွယ်က သတို့သားရဲ့ဇာတ်ကွက်အကြောင်းကို သိသွားခဲ့ရပါတယ်။

သူမဟာ church ကျောင်းသို့ရောက်လာတဲ့အခါ သူမဟာ နားလည်သဘောပေါက်စွာဒေါသထွက်ခဲ့ပြီးနောက်မှာ သူမအား church ကျောင်းထဲသို့ ဝင်သွားဖို့ ငြင်းဆန်ခဲ့ပါတော့တယ်။ထို့နောက် အဖြူရောင်ဂါဝန်နဲ့ သူမဟာ ဒေါသတကြီးနဲ့ ခြေလျင်ဖြင့် အိမ်ပြန်ဖို့ လုပ်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ သတို့သားဖြစ်သူက “ ငါ့ကို ရှင်းပြခွင့်လေးပေးပါ please ” လို့ သူမအား လိုက်တားရင်း ဆိုနေခဲ့ပေမဲ့ သူမက “ ငါ့ကို မထိနဲ့” လို့ သွေးအေးစွာ ပြန်ပြောခဲ့ပါတယ်။လမ်းသွားလမ်းလာတွေဟာ အဆင်မပြေနေတဲ့၎င်းအဖြစ်အပျက်ကို ကင်မရာဖြင့် ရိုက်ကူးခဲ့ကြပြီး နောက်ဆုံး social media ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ထို့နောက် GhPage သတင်းအရ အဆိုပါသတို့သမီးဟာ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ပြီး နှစ်ဖက်မိဘများ နှင့် သူငယ်ချင်းတွေအားလုံးဟာ ၎င်းနေ့၊ ၎င်းနေရာမှာဘဲ အံ့အားသင့်စွာနဲ့ ရှော့ရသွားခဲ့ကြရပါတယ်။သတို့သမီးရဲ့ဆုံးဖြတ်ချက်ကြောင့် သစ္စာမဲ့တဲ့သတို့သားလည်း သင်ခန်းစာရသွားလောက်မယ်လို့ ထင်မိပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*