သတို့သမီး နဲ့လမ်းခွဲပြတ်စဲပြီးနောက် “ငါ့ကိုယ်ငါချစ်တယ်”ဆိုပြီး ကိုယ့်ကိုယ်ကိုပြန်လက်ထပ်ခဲ့တဲ့ အမျိုးသား

ဒီBrazilနိုင်ငံသားအမျိုးသားဟာ နေရာတိုင်းမှာရှိတဲ့single လေးတွေရဲ့စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။အသက်၃၃နှစ်အရွယ် Diogo Rabeloအမည်ရှိဒေါက်တာတစ်ဦးဟာ Brazilနိုင်ငံ Bahiaပြည်နယ် Itacaréမြို့ရှိအပန်းဖြေစခန်းတစ်ခုမှာ သူ့ရဲ့ဆွေမျိုးမိဘတွေတက်ရောက်ခဲ့တဲ့ သူ့ကိုယ်သူပြန်လက်ထပ်တဲ့ပွဲကို ကျင်းပခဲ့ပြီးနောက် social media မှာ လူသိများသွားခဲ့ပါတယ်။

သူဟာသူ့သတို့သမီးနဲ့အကြိမ်ပေါင်းမနည်းစကားများရန်ဖြစ်ခဲ့ပြီး သူ့တို့ရဲ့စေ့စပ်ထားခြင်းကို ဖြတ်သိမ်းကာလမ်းခွဲခဲ့ကြပြီးနောက် စီစဉ်ထားခဲ့တဲ့ အဆိုပါ၃၅၀,၀၀၀BRL(မြန်မာငွေ သိန်း၈၅၀ကျော်)မင်္ဂဆောင်ပွဲကို သူ့ကိုယ်သူလက်ထပ်တဲ့ပွဲအဖြစ် ပြုလုပ်ကျင်းပခဲ့ကြောင်း Indian Expressသတင်းအရ သိရပါတယ်။အဆိုးထဲကနေအပြုသဘောဆောင်တဲ့အရာအဖြစ် Rabeloဟာ သူကိုယ်တိုင် အခမ်းအနားကျင်းပဆင်နွှဲခဲ့ပြီး မှန်ရှေ့မှာ သူ့ကိုယ်သူ”I do”လို့ တိုင်တည်နေခဲ့ပါတယ်။

“မင်းကိုလက်ထပ်တာ ဘာပြဿနာမှမရှိဘူး၊မင်းလိုချင်တဲ့နည်းလမ်းအတိုင်း မင်းပျော်ရွှင်ခွင့်ရှိတယ်၊မှန်တယ်မလား”လို့ သူ့ရဲ့Instagram မှာဓာတ်ပုံစီးရီးနဲ့အတူ မျှဝေထားပါတယ်။သူ့ရဲ့လက်ထပ်ပွဲအခြေအနေကြောင့် Rabeloဟာ သူ့ရဲ့exအပေါ် ပြင်းထန်တဲ့ခံစားချက်တွေမရှိပေမဲ့ သူဟာ နေရာတိုင်းမှာ သူလိုချင်တဲ့အရာ လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့ ဘယ်နေရာကိုမဆို သွားလိုတာကြောင့် သူ့ကိုယ်သူလေးစားနေဆဲဖြစ်ကြောင်း ဆိုထားပါတယ်။”

ဒီအခိုက်အတန့်ကို အထူးနေ့ရက်အဖြစ်ရည်ရွယ်ပြီး ငါတို့အိမ်မက်မက်ခဲ့ကြတယ်၊အဲ့တာကို ငါတို့ရဲ့လျို့ဝှက်နေရာအဖြစ် စိတ်ကူးခဲ့ကြတယ် ဒါပေမဲ့လမ်းတစ်ဝက်မှာ နင်ငါ့ကို ဒီမှာတစ်ယောက်တည်းထားခဲ့တယ်ပေါ့ ငါဒီမှာ ငါ့စကားကို ငါတည်ပါတယ်နော်”လို့ ဝမ်းနည်းကြေကွဲတဲ့စကားအချို့ကို သူ့ရဲ့Instagram မှာမျှဝေထားပါသေးတယ်။Rabelo က သူ့အား လူတစ်ယောက်ရဲ့တန်ဖိုးကိုသိအောင်သင်ကြားပေးခဲ့တဲ့ သူ့ရဲ့exကို အသင်အပြကျောင်းတဲ့ဆရာလို့ ခေါ်ခဲ့ပြီး သူ့ကိုယ်သူချစ်တတ်ဖို့သင်ပေးခဲ့တာကိုလည်း ကျေးဇူးတင်ခဲ့ပါသေးတယ်။

သူ့exကို မမုန်းပေမဲ့ နှောက်ယှက်ခံရပြီးနောက် သူ့exကိုလည်းမမြင်ချင်တာကြောင့် သူ့ရဲ့social media အကောင့်တွေကို ပိတ်ပစ်တော့မှာဖြစ်ကြောင်း ဆိုထားပါတယ်။လမ်းခွဲခဲ့ကြပြီးနောက် Rabeloဟာ တစ်လခွဲလောက်အခြေအနေကို ခွဲခြမ်းစိတ်ဖြာခဲ့ရပြီး သူ့ကိုယ်သူတန်ဖိုးထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့လက်ထက်ပွဲမှာ”sologamy”ဆိုတဲ့ လွတ်လပ်ပြီး ပျော်ရွှင်ဖို့အတွက် တစ်စုံတစ်ဦးနဲ့အတူ လက်ထက်ထိမ်းမြားပွဲလုပ်စရာမလိုဘူးလို့ သူ့ကိုယ်သူ မက်ဆေ့ချ်ပေးခဲ့ပါသေးတယ်။တကယ်တော့ Rabelo ဟာအတော်လေးဝမ်းနည်းကြေကွဲနေခဲ့တာပါ။ဒီတော့ အဲ့လိုအဖြစ်အပျက်တွေနဲ့ကြုံဆုံလာခဲ့ရရင် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ချစ်ပြီး တန်ဖိုးထားတတ်ဖို့ပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*