သတို့သမီးအရံလုပ်ဖို့ လူမလောက်ခဲ့တဲ့ မင်္ဂလာပွဲတစ်ခုရဲ့ ဟာသဆန်လွန်းတဲ့အဖြစ်

ဒီတရုတ်နိုင်ငံက မင်္ဂလာပွဲတစ်ခုရဲ့အဖြစ်အပျက်ကတော့ အတော်လေးဟာသဆန်ခဲ့တယ်လို့ပြောရမှာပါပဲ ။ ဘာလို့လည်းဆိုတော့ တရုတ်မင်္ဂလာပွဲ အတော်များများဟာ သတို့သမီးအရံကို စုံကိန်းဂဏာန်းထားပြီး ခေါ်ယူတတ်ကြလို့ပါ ။

သတို့သမီးအရံ 2 ယောက်သာခေါ်ရင်လည်း အတော်လေးနည်းနေလို့ ကြည့်မလှပါဘူး ။ ဒါကြောင့် သတို့သမီးအရံလုပ်ဖို့ လူ 4, 6,8 ယောက်စတဲ့ စုံဂဏာန်တွေနဲ့ ခေါ်ယူတတ်ပါတယ် ။

ဒီတစ်ခေါက်ဖော်ပြမဲ့ မင်္ဂလာပွဲကတော့ မိန်းကလေးဖက်က သတို့သမီးအရံလုပ်ကူဖို့ သူငယ်ချင်းတွေ မလုံလောက်တော့လို့ ကောင်လေးသူငယ်ချင်းက ကိုယ်စားသတို့သမီးအရံ ဝင်လုပ်ပေးခဲ့ပြီး ကိုယ်တိုင်လည်း မိန်းကလေးတစ်ယောက်လိုပြင်ဆင်ခဲ့ပါတယ် ။

မင်္ဂလာပွဲရဲ့ စင်မြင့်ထက်မှာ မင်္ဂလာစုံတွဲက အနမ်းတွေဖလှယ်နေချိန် သတို့သမီးအရံလုပ်ပေးခဲ့တဲ့ ကောင်လေးရဲ့ မျက်နှာကတော့ ပွဲလာပရိသတ်တွေကို အတော်လေးရယ်ပွဲကျသွားစေခဲ့ပါတယ် ။

သတို့သမီးအတွက်ကတော့ အတော်လေးကောင်းလွန်းတဲ့ ယောင်္ကျားလေးသူငယ်ချင်းလို့ ပြောရမှာပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*