
သတို့သမီးအရံမရှိလို့ အလုပ်ထဲက ယောင်္ကျားလေးသူငယ်ချင်းတွေနဲ့ pre photoshoot လုပ်ခဲ့တဲ့ သတို့သမီး
STEM ဝန်ထမ်းတွေဟာ အထူးသဖြင့် အမျိုးသမီးတွေမရှိသလောက် ရှားပါတယ်။ဒါကြောင့် အဲ့ဒီနယ်ပယ်မှာ အလုပ်လုပ်နိုင်တဲ့အမျိုးသမီးတစ်ဦးမှာ ပုံမှန်ထပ် ယောင်္ကျားလေးသူငယ်ချင်းတွေ ပိုများနေတတ်ပါတယ်။ကွန်ပျူတာအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သတို့သမီးလည်းဖြစ်လာတော့မယ့် Rebeca Brantes အမည်ရှိအမျိုးသမီးဟာ သူမအလုပ်ကြောင့် မိန်းကလေးသူငယ်ချင်းတွေမရှိခဲ့ပါဘူး။
မင်္ဂလာဆောင်တော့မဲ့သူမကလည်း သတို့သမီးအရံတွေမရှိတဲ့ပြဿနာနဲ့ ကြုံခဲ့ရပါတယ်။သို့ပေမဲ့ သူမက စိတ်မကောင်းဖြစ်မဲ့အစား တောက်ပတဲ့စိတ်ကူးကောင်းတစ်ခုရှိနေခဲ့ပါတယ်။၎င်းက အလုပ်မှာခင်တဲ့ ယောင်္ကျားလေးသူငယ်ချင်းတွေက ဂိမ်းကစားခဲ့တာကြောင့် သူမနဲ့ အတူတကွ မင်္ဂဆောင်သတို့သမီးပုံတူဓာတ်ပုံရိုက်ကူးခြင်းမှာ ပါဝင်ပေးခဲ့ကြပါတယ်။
သူမက ၎င်းပျော်စရာကောင်းတဲ့အစီအစဉ်ကို မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုမှာ ပြုလုပ်ခဲ့ပြီး “ ကျွန်မ မိန်းကလေးသူငယ်ချင်းတွေမရှိနေတာကိုတော့ စိတ်မကောင်းဖြစ်မိတယ် ၊ ဒါပေမဲ့ အလုပ်ထဲက ယောင်္ကျားလေးသူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ရတဲ့အချိန်က အရမ်းပျော်စရာကောင်းတယ်” လို့ဆိုပါတယ်။
ဓာတ်ပုံဆရာ Fernando Duque Fotografia ကလည်း ၎င်းမြင်ကွင်းကို လှုံဆော်မှုတစ်ခုအဖြစ်အသုံးပြုနိုင်ဖို့ မင်္ဂဆောင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့တောက်ပတဲ့ပန်းရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ Brantes ရဲ့ယောင်္ကျားလေးသူငယ်ချင်းတွေကို အလှဆုံးဖြစ်အောင် ရိုက်ကူးပေးခဲ့ပါတယ်။
သူတို့အားလုံးကလည်း သတို့သမီးအရံတွေရဲ့လုပ်ရိုးလုပ်စဉ်တွေအတိုင်း ပြုလုပ်ပြီး အတူတကွ ပျော်ရွှင်စွာ ဓာတ်ပုံရိုက် pose ပေးခဲ့ကြပါတယ်။စာဖတ်သူတို့လည်း တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့မင်္ဂလာဆောင်ပွဲမှာ သတို့သမီးအရံတွေ ရှာမရဖြစ်နေခဲ့ရင်တော့ Brantes ရဲ့နည်းလမ်းကို ယူသုံးကြည့်လိုက်ပါ။မရှိတာထက်စာရင် အဆန်းဆုံးဖြစ်သွားမှာတော့ အမှန်ပါဘဲ။
#7
#8
#9
#10
Leave a Reply