သစ်ပင်ပေါ်က ထူးဆန်းလွန်းတဲ့ သတ္တဝါကြောင့် ညတိုင်း ကြောက်လန့်နေခဲ့ကြတဲ့ ရွာသူရွာသားတို့ရဲ့အဖြစ်

တစ်ခါတစ်ရံ လူသားတို့ဟာ မဖြစ်နိုင်တာကို တွေးနေတတ်ကြသလို အရာဝတ္တုတစ်ခုရဲ့ အသေးစိတ်အချက်ကို မသိရသေးဘဲ သေချာမစူးစမ်းရသေးဘဲ ၎င်းတို့ကို ကြောက်ရွံနေတတ်ကြပါတယ်။ပိုလန်နိုင်ငံ Krakow ပြည်နယ်မှနေထိုင်သူများဟာ ထူးဆန်းသောသတ္တဝါတစ်စုက သူတို့၏ရပ်ရွာကို အနှောင့်အယှက်ပေးနေသည်ဟုထင်မြင်ကာ သူတို့၏အိမ်ပြတင်းပေါက်များအား နေ့တိုင်းပိတ်ထားရသည့်အထိ ကြောက်လန့်နေခဲ့ကြရပါတယ်။

ထို့နောက် ၎င်းဒေသခံတစ်ဦးဟာ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းသို့ ဖုန်းခေါ်ကာ ရပ်ရွာတွင်းရှိ သစ်ပင်ပေါ်တွင် နှစ်ရက်ကြာ ပုံမှန်မဟုတ်သော၊ အညိုရောင်ရှိသော ၊ မလှုပ်မရှားသောသတ္တဝါတစ်ကောင်ရှိနေကြောင်းကို သတင်းပေးပို့ခဲ့ပါတယ်။ရွာသားများက အနီးကပ်သွားမကြည့်ဘဲ ကြောက်လန့်ကာ ၎င်းထူးဆန်းတဲ့သတ္တဝါက မိမိနေအိမ်အတွင်းသို့ မဝင်လာစေရန် ညတိုင်း ပြတင်းပေါက်တံခါးများကို ပိတ်ကာ ၎င်းကို အိမ်ထဲကနေ ခိုးကြည့်နေခဲ့ကြပါတယ်။

တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား ခေါ်ဆိုခဲ့တဲ့ အမျိုးသမီးက ဒေသခံများအား ကြောက်လန့်စေတဲ့၎င်းသတ္တဝါမှာ iguana ခေါ် lizard မျိုးစိတ်နှင့်တူကြောင်း ဆိုခဲ့ပါသေးတယ်။BBC သတင်းအရ တိရိစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက ပိုလန်နိုင်ငံ Krakow ရဲ့ ယခုကဲ့သို့သော ပုံမှန်ရာသီဥတုမှာ တွေ့ရှိလေ့ရှိတဲ့ သာမန်သတ္တဝါလို့သာ တွေးခဲ့ကြတာကြောင့် ခေါ်ဆိုမှုကို တုံပြန်လိုက်ကြပြီး ၎င်းဒေသသို့ စစ်ဆေးရန် သွားရောက်ခဲ့ကြပါတယ်။

ထို့နောက် ၎င်း “ ပုံမှန်မဟုတ်တဲ့သတ္တဝါ” ဟာ ထူးဆန်းတဲ့အရာမဟုတ်ဘဲ croissant ပေါင်မုန့်သာ ဖြစ်နေပြီး အိမ်ရှေ့ဖြတ်သွားတဲ့ဌက်လေးတွေကို အစာကျွေးဖို့ ပစ်ချထားခဲ့သည်သာ ဖြစ်ကြောင်း တိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က ၎င်းတို့ရဲ့ Facebook စာမျက်နှာမှာ ပြန်လည်မျှဝေပေးခဲ့ကြပါတယ်။ဒီရယ်စရာအဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် လူတွေဟာ တစ်ခါတစ်ရံလည်း ထူးဆန်းတဲ့သတ္တဝါတွေထပ် ပိုထူးဆန်းနေတတ်ကြောင်းကို သက်သေပြနေသလိုပါဘဲ။

ဟုတ်ပါတယ် ယခုလို ကူးစက်ရောဂါကာလကြောင့် သူတို့လည်း ဘာလာလာ လန့်မိနေကြမှာ အမှန်ပါဘဲလေ။ထူးဆန်းတဲ့ သတ္တဝါကြီးရဲ့ ဓာတ်ပုံကိုလည်း တချက်ကြည့်ခဲ့ကြပါအုံးနော်။ ညိုပုပ်ပုပ်နဲ့ သစ်ပင်ကြား ညှပ်နေပုံအရ တကယ်လည်း ထိတ်လန့်သွားချင်စရာပါဘဲလေ။

Be the first to comment

Leave a Reply

Your email address will not be published.


*