သစ်ပင်နဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့လေးစားစရာခံယူချက်

သစ်ပင်နဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့လေးစားစရာခံယူချက်

လူသားချင်းလက်ထပ်ကြတာ၊လူသားချင်းချစ်ကြိုက်ကြတာတော့ဓမ္မတာဖြစ်ပေမဲ့၊ယခုအမျိုးသမီးတစ်ဦးရဲ့မဂ်လာပွဲတစ်ခုကြောင့်၊မြင်ရကြားရသူအဖို့တော့အံ့သြစရာကောင်းပေမဲ့လဲ၊သူမရဲ့ရည်ရွယ်ချက်လေးကိုသိရင်တော့အားလုံးသဘောပေါက်သွားကြမှာပါ။

အ​ကြာင်းကတော့Maxicanကအမျိုးသမီးတစ်ဦးဟာ၊သူမရဲ့မဂ်လာပွဲကိုကျင်းပခဲ့ရာ၊သူမလက်ထပ်မဲ့သတို့သားကတော့၊လူသားအမျိုးသားတစ်ယောက်မဟုတ်ပဲ၊ဧရာမသစ်ပင်ကြီးတစ်ပင်နဲ့လက်ထပ်ပွဲပြုလုပ်ခဲ့တာပါ။သူမနေထိုင်ရာMexicanနိုင်ငံဟာသစ်ထုတ်လုပ်မှုများပြားလာခဲ့တဲ့အတွက်ကြောင့်၊သစ်တောပြုန်းတီးမှုကြောင့်သစ်ပင်ကုန်သလောက်နီးပါးကိုဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။

ထို့ကြောင့်သူမအနေနဲ့သစ်ပင်ကြီးတွေကိုခုတ်ထွင်ပီးသစ်ထုတ်လုပ်တာကိုရပ်တန့်စေချင်တဲ့အတွက်ကြောင့်၊သူမရဲ့ဘဝတခုလုံးကိုသစ်ပင်ကြီးတပင်နဲ့လက်ထပ်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။လူတွေကြောင့်အမိမြေကမ္ဘာကြီးဟာအတော်ပျက်စီးနေခဲ့တဲ့အတွက်ကြောင့်၊၎င်းရန်ကကာကွယ်ပေးဖို့အတွက်နည်းလမ်းကောင်းတခုကို၊သူမအနေနဲ့ရွေးချယ်လိုက်ရလို့သူမရဲ့လုပ်ရပ်ကိုဂုဏ်ယူမိပါတယ်လို့ဆိုပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*