သစ္စာအလွန်ရှိပြီး သခင်ဖြစ်သူရဲ့အသုဘတစ်လျှောက်လုံးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ခွေးလေး

ခွေးတွေရဲ့သစ္စာရှိမှုက လူတွေထက်အများကြီးသာတယ်လိုု့ပြောရင် ပိုတယ်လို့ထင်မလား။ လူအများစုက ခွေးတွေကိုအိမ်မွေးတရစ္ဆာန်အဖြစ်မွေးပါတယ်..သူတို့လေးတွေက ဘယ်လောက်ထိ သစ္စာစောင့်ထိန်းနိုင်သလဲဆိုတာ သိနေလို့လေ။ လူသားနဲ့ခွေးလေးတွေမှာ မပြောပြနိုုင်လောက်တဲ့ချည်နှောင်မှုတွေအများကြီးရှိပါတယ်။ သေတဲ့အထိတောင််ပေါ့။

မလေးရှားတွင် သေဆုံးသွားတဲ့အမျိုးသမီးကြီးရဲ့ဆွေမျိုးနဲ့သူငယ်ချင်းတွေက သူမရဲ့နောက်ဆုံး ခရီးကိုလိုက်ပြီးပို့ဆောင်ပေးနေချိန်တွင် သူမရဲ့မြေးဦး Leong Khai Wai က သူ့နှလုံးကိုထိခိုက်စေမယ့် အရာတစ်ခုကိုသတိထားမိသွားတယ်။

သူ့အဘွားအသက်ရှည်စဉ်တည်းက ဘော်ဘီဆိုတဲ့ခွေးလေးကို သူမအနားမှာပဲတစ်ချိန်လုံး နေစေခဲ့တယ်။ဘော်ဘီလည်း သူ့အဘွားကိုနှုတ်ဆက်ဖို့လိုက်လာတယ်ဆိုတာသိလိုက်ရတယ်။၂မိုင်ဝေးတဲ့ အသုဘအခမ်းနားထိ ဘော်ဘီလိုက်လာခဲ့တယ်။

မကြာမီ သူမတစ်သက်လုံးအိပ်စက်ရမယ့်နေရာကိုရောက်တော့ ဘော်ဘီက သူမကိုမြေမြုပ်မယ့် နေရာဘေးတွင် ထိုင်နေပါတယ်။ဖယ်လည်းမဖယ်ပေးဘူး။ အဲ့ဒီအပေါက်က ဘာအတွက်တူးထားတယ်ဆိုတာကို သူသိနေတယ်လေ။

တဖြည်းဖြည်းမြေကြီးတွေ အုပ်သွားတဲ့အချိန်မှာ ဘော်ဘီရဲ့မျက်လုံးတွေဝမ်းနည်းနေတယ်။ ဒါ သူ့သခင်မျက်နှာကိုနောက်ဆုံးတွေ့ဆုံခြင်းပဲဆိုတာ သူသိနေတယ်လေ။ ခွေးလေးရဲ့အမူအရာက တကယ့်ကိုစိတ်ထိခိုက်စရာပါပဲ။

ဒီလောက် သစ္စာရှိတဲ့ခွေးမျိုး သူတို့ပထမဆုံးမြင်ဖူးတာပဲလို့ Leongကပြောတယ်။ Leongရဲ့အဘိုးနဲ့ ဦးလေးက ဘော််ဘီလေးကိုပြန်ပြီး စောင့်ရှောက်ထားတယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*