သင်မသိသေးသော ဗိုက်ခေါက် ထူခြင်း၏အခြားအကြောင်းအရင်းများ

ဗိုက်ခေါက် ထူခြင်းဟာ တစ်ခါတလေ အစားနဲ့ဆက်စပ်မှု ရှိချင်မှ ရှိမှာ။ တစ်ခါတရံကျတော့လည်း အောက်ပါအကြောင်းအရင်းတွေကြောင့်လည်း ဗိုက်ခေါက်ထူတတ်တယ်ဆိုတာ

(၁) ဘက်တီးရီးယားများကြောင့်

ဘက်တီးရီးယားတိုင်းဟာ လူ့ကျန်းမာရေးကို ဆိုးဝါးစေတာ မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားပိုးမွှားပေါင်း သန်းနဲ့ချီ မှီခိုနေကြပါတယ်။ ဒါပေမယ့် ဒီအထဲမှာလည်း လူကို ဝဖြိုးစေတဲ့ ကပ်ပါးဘက်တီးရီးယားတွေ ပါဝင်တတ်ပါတယ်။ သူတို့တစ်တွေဟာ ကယ်လိုရီနဲ့အဆီတွေကို အားရပါးရ စားသုံးကြရင်း တွယ်ကပ်နေရတဲ့ ခန္ဓာကိုယ်ကြီးကို မှီခိုနေထိုင်ရင်းကနေ ဗိုက်ခေါက်ထူခြင်း ဝခြင်းဆိုတာ ဖြစ်သွားတာပါ။

(၂) အိပ်ရေးပျက်ခြင်း

အိပ်ရေးပျက်တဲ့ ညတွေ များလေ ဝဖြိုးပြီး ဗိုက်ခေါက်ထွက်နိုင်ချေ ပိုများလေပါဘဲ။ အကြောင်းကတော့ အိပ်ရေးပျက်ခြင်းကြောင့် ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ ဟိုမုန်း Level တွေ မညီမျှမှုဖြစ်ပေါ်ကာ ဝဖြိုးစေပါတယ်။ နောက်တစ်နည်းကတော့ အိပ်နေတဲ့လူတစ်ယောက်ရဲ့ အစာခြေစနစ်ဟာ သာမာန်အချိန်ထက် သုံးဆခန့် နိမ့်ကျနေတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်းကို ကယ်လိုရီနဲ့ ကိုလက်စထရောပမာဏတွေ အများကြီး လက်ခံနေရတယ်ဆိုတဲ့ သဘောပါ။

(၃) ဘီယာနဲ့ Rushing food များကြောင့်
ဘီယာနဲ့ rushing food တွေကလည်း ဗိုက်ခေါက်ကို ထူစေတယ်လို့ ဆိုပါတယ်။ အချို့သော အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ စစ်တမ်းတွေမှာတော့ ဘီယာက ဝိတ်ကျစေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဲဒီအချက်တွေဟာ မမှန်ကန်ဘူးလို့လည်း သုံးသပ်နေကြပါတယ်။ ဒါကြောင့် ယခင်က အတည်ပြုထားခဲ့တဲ့ အတိုင်း ဘီယာနဲ့ rushing food တွေဟာ ဗိုက်ခေါက်ထူစေတယ်ဆိုတာ မှတ်ထားဖို့လိုပါတယ်။

(၄) ဖိအားများ

ဖိအားတွေကြောင့် လူတွေကို ဝဖြိုးစေနိုင်တဲ့အကြောင်းကို ဆောင်းပါတော်တော်များများမှာ ရေးခဲ့ဖူးပါတယ်။ ဖိအားတွေဟာ လူရဲ့ ဟိုမုန်းထုတ်လွှတ်မှုပမာဏကို မညီမမျှဖြစ်စေပြီး ခန္ဓာကိုယ်ကိုယ် ဝဖြိုးစေခြင်းနဲ့ ဗိုက်ခေါက်ထူခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*