သခင်အသစ်ဆီ ထွက်သွားတော့မဲ့ ခွေးပေါက်လေးကိုခွဲရတော့မယ်မှန်းသိလို့ နောက်ဆုံးအနေနဲ့ နှုတ်ဆက်နေခဲ့တဲ့ လမ်းဘေးခွေးမလေး (ရုပ်သံ)

သခင်အသစ်ဆီ ထွက်သွားတော့မဲ့ ခွေးပေါက်လေးကိုခွဲရတော့မယ်မှန်းသိလို့ နောက်ဆုံးအနေနဲ့ နှုတ်ဆက်နေခဲ့တဲ့ လမ်းဘေးခွေးမလေး (ရုပ်သံ)

လေလွင့်ခွေးမတစ်ကောင်က သေးငယ်ပြီး ချစ်စရာကောင်းတဲ့ ခွေးပေါက်စလေးတစ်ကောင်ကို မွေးဖွားလာခဲ့ပါတယ်။ ကျောင်းသားတွေကလည်း ခွေးလေးရဲ့ မိသားစုကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အလွန်ပင် ကံကောင်းလွန်တဲ့ ခွေးပေါက်စလေးက မွေးစားဖို့အတွက် ရွေးချယ်ခံခဲ့ရပါတယ်။

သို့ပေမဲ့လည်း ခွေးပေါက်လေးရဲ့ အမေက အလွယ်တကူနဲ့ မပေးသွားချင်ခဲ့ပါဘူး။ သခင်အသစ်က သူမရဲ့ စိုးရိမ်တကြီးနဲ့ ခွင့်ပြုခဲ့ကို သတိထားမိခဲ့ပါတယ်။ သူမရဲ့ ကလေး အဝေးကို ထွက်သွားရတော့မှာမို့ ခွေးမလေးက စိတ်ရူပ်ထွေးနေခဲ့ပါတယ်။ ခွေးမလေးက သူမရဲ့ ကလေးဆီကို အနီးကပ်ရပ်ပြီး အနမ်းပေးခဲ့ပါတယ်။ ခွေးပေါက်လေးနဲ့ အမေတို့ နှစ်ဦးကြား တစ်ခဏ ဖြစ်ပျက်ခဲ့တဲ့ အမှုအရာလေးဟာ အမှန်တကယ် ကြေကွယ်နေကြတာပါ။

သူမရဲ့ ကလေးကို ပထမတစ်ကြိမ်ထပ်နမ်းခဲ့ခဲ့ပါသေးတယ်။ နောက်ဆုံးတစ်ကြိမ်အနေနဲ့ အနမ်းပေးပြီး အခြားသူတစ်ယောက်ကို စောင့်ရှောက်စေခဲ့ပါတယ်။ သို့ပေမဲ့ အမေ ရင်ကွဲမတက်ခံစားရပေမဲ့ နောက်ပြန်လှည့်ပြီး သူမရဲ့က‌လေး ထွက်ခွားမဲ့အချိန်ကို စောင့်ကြည့်နေခဲ့ပါတယ်။

အဲ့ဒီရင်ကွဲဖွယ်ရာ တကယ့်အဖြစ်အပျက်လေးဟာ လူတွေကို ရင်ပေါက်ကွဲတာမတက် ခံစားစေပါတယ်။ အချို့သော Netizen တွေက သူမဆီကနေ မွေးစားသွားတဲ့ ခွေးပေါက်စလေးရဲ့ သခင်အသစ်ကို စိတ်ဆိုးနေကြပါတယ်။ သို့သော် လေလွင့်ခွေးမလေးဟာလည်း သူမကလေးရဲ့ အနာဂတ် အတွက် စိုးရိမ်ပူပန်နေခဲ့ဒါကြောင့် အခြားတစ်ယောက်မွေးစားဖို့ သူမက စောင့်နေခဲ့ပါတယ်။

သို့ပေမဲ့လည်း ကလေးငယ်နဲ့ ခွဲခွာရတော့မဲ့ အမေဖြစ်သူရဲ့ ပုံရိပ်ဟာ ရင်ကွင်မတက်ခံစားနေခဲ့ပါတယ်။ ခွေးမလေးနဲ့ သူမရဲ့ အခြားသော ခွေးပေါက်စလေးတွေ အားလုံး ကောင်းမွန်တဲ့ မိသားစုအသစ် တွေးပါစေလို့ မျော်လင့်မိပါတယ်။

Zawgyi







Be the first to comment

Leave a Reply

Your email address will not be published.


*