သခင်ဖြစ်သူ သေဆုံးသွားခဲ့တဲ့နေရာမှာ သူပြန်လာမဲ့နေ့ရက်ကို စောင့်မျှော်နေခဲ့တဲ့ သစ္စာရှိသော ခွေး (ရုပ်သံ)

သခင်ဖြစ်သူ သေဆုံးသွားခဲ့တဲ့နေရာမှာ သူပြန်လာမဲ့နေ့ရက်ကို စောင့်မျှော်နေခဲ့တဲ့ သစ္စာရှိသော ခွေး (ရုပ်သံ)

ဂရိနိုင်ငံက သစ္စာရှိတဲ့ ခွေးတစ်ကောင်ဟာ မကြာသေးမီက ကမ္ဘာတစ်လွှားရှိ သန်းပေါင်းများစွာသော လူတွေရဲ့ စိတ်နှလုံးကို အရည်ပျော်စေခဲ့ပါတယ်။ ၎င်းဟာ လွန်ခဲ့တဲ့ ၁၈ လက သူ့ရဲ့သခင် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရလို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ခွေးလေးဟာ သူ့သခင်ကို နေ့တိုင်းစောင့်မျှော်နေခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ခွေးဖြူလေးဟာ ဂရိမြို့ Nafpaktos ဒေသအနီးရှိ လမ်းဘေးတစ်နေရာမှာ ‌စောင့်နေခဲ့ပါတယ်။ ဒေသခံတွေက ၎င်းခွေးကို မွေးစားရန်ကြိုးစားမှုများစွာပြုလုပ်ပေမဲ့လည်း ခွေးဟာ ပျောက်ပျောက်သွားပြီး သူ့ရဲ့ အရင်သခင်က ကားတိုက်မှုကြောင့် သေဆုံးသွားတဲ့ နေရာမှာ အမြဲပြန်သွားခဲ့ပါတယ်။ အရင်က ခွေးပိုင်ရှင် Haris လို့ အမည်ရှိတဲ့ အသက် ၄၀ နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ လွန်ခဲ့သောနှစ်အနည်းငယ်က သူရဲ့အစ်ကိုအလားတူ မတော်တဆမှု နဲ့ သေဆုံးခဲ့ပါတယ်။

ညီအစ်ကိုနှစ်ဦးစလုံးဟာ မိုင်အနည်းငယ်အကွာမှာ သူတို့ရဲ့ နေအိမ်များမှ အသက်ဆုံးရှုံးခဲ့ကြပါတယ်။ သို့ပေမဲ့ Haris ရဲ့ အပြန်ကိုစောင့်နေခဲ့တဲ့သူရဲ့ခွေးလေးကတော့ သူ့ရဲ့မှတ်ဉာဏ်က သူ့ရဲ့သခင်ဟာ မတော်တဆဖြစ်ခဲ့တဲ့‌လမ်းဘေးမှာ ကျန်ရှိနေသေးတယ်လို့ ထင်နေတာကြောင့် ထိုအဖြစ်အပျက်မှာ ပိုပြီးတော့ ဝမ်းနည်းဖွယ်ကောင်းပါတယ်။ မတော်တဆမှုဖြစ်ပွားချိန်မှာ ခွေးဟာ ကားထဲမှာ ရှိနေခဲ့တာလား ဆိုတာတော့ မသိရှိရသေးသော်လည်း ဒေသခံတွေက ခွေးလေးဟာ ထိုနေရာမှာဘဲ စောင့်နေခဲ့တယ်လို့ ဆိုကြပါတယ်။

ခွေးကို အဲ့နေရာမှာ ပြောင်းရွှေ့ရန် ကြိုးစားပေမဲ့လည်း သူ့သခင်မတော်တဆဖြစ်ခဲ့တဲ့နေရာကို သူအမြဲပြန်လာနေတာကိုတွေ့မြင်ပြီးနောက် လူတွေက သူ့အတွက် အမိုးအကာတစ်ခု တည်ဆောက်ပေပြီး နေ့စဉ်သူ့ကို အစားအစာ နဲ့ ရေတွေ ယူလာပေးကြပါတယ်။

Zawgyi

သခင္ျဖစ္သူ ေသဆုံးသြားခဲ့တဲ့ေနရာမွာ သူျပန္လာမဲ့ေန႔ရက္ကို ေစာင့္ေမွ်ာ္ေနခဲ့တဲ့ သစၥာရွိေသာ ေခြး (႐ုပ္သံ)

ဂရိႏိုင္ငံက သစၥာရွိတဲ့ ေခြးတစ္ေကာင္ဟာ မၾကာေသးမီက ကမာၻတစ္လႊားရွိ သန္းေပါင္းမ်ားစြာေသာ လူေတြရဲ႕ စိတ္ႏွလုံးကို အရည္ေပ်ာ္ေစခဲ့ပါတယ္။ ၎ဟာ လြန္ခဲ့တဲ့ ၁၈ လက သူ႔ရဲ႕သခင္ ယာဥ္တိုက္မႈေၾကာင့္ အသက္ဆုံးရႈံးခဲ့ရလို႔ သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ ေခြးေလးဟာ သူ႔သခင္ကို ေန႔တိုင္းေစာင့္ေမွ်ာ္ေနခဲ့ပါတယ္။

အမည္မေဖာ္လိုတဲ့ ေခြးျဖဴေလးဟာ ဂရိၿမိဳ႕ Nafpaktos ေဒသအနီးရွိ လမ္းေဘးတစ္ေနရာမွာ ‌ေစာင့္ေနခဲ့ပါတယ္။ ေဒသခံေတြက ၎ေခြးကို ေမြးစားရန္ႀကိဳးစားမႈမ်ားစြာျပဳလုပ္ေပမဲ့လည္း ေခြးဟာ ေပ်ာက္ေပ်ာက္သြားၿပီး သူ႔ရဲ႕ အရင္သခင္က ကားတိုက္မႈေၾကာင့္ ေသဆုံးသြားတဲ့ ေနရာမွာ အၿမဲျပန္သြားခဲ့ပါတယ္။ အရင္က ေခြးပိုင္ရွင္ Haris လို႔ အမည္ရွိတဲ့ အသက္ ၄၀ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ေယာက္ဟာ လြန္ခဲ့ေသာႏွစ္အနည္းငယ္က သူရဲ႕အစ္ကိုအလားတူ မေတာ္တဆမႈ နဲ႔ ေသဆုံးခဲ့ပါတယ္။

ညီအစ္ကိုႏွစ္ဦးစလုံးဟာ မိုင္အနည္းငယ္အကြာမွာ သူတို႔ရဲ႕ ေနအိမ္မ်ားမွ အသက္ဆုံးရႈံးခဲ့ၾကပါတယ္။ သို႔ေပမဲ့ Haris ရဲ႕ အျပန္ကိုေစာင့္ေနခဲ့တဲ့သူရဲ႕ေခြးေလးကေတာ့ သူ႔ရဲ႕မွတ္ဉာဏ္က သူ႔ရဲ႕သခင္ဟာ မေတာ္တဆျဖစ္ခဲ့တဲ့‌လမ္းေဘးမွာ က်န္ရွိေနေသးတယ္လို႔ ထင္ေနတာေၾကာင့္ ထိုအျဖစ္အပ်က္မွာ ပိုၿပီးေတာ့ ဝမ္းနည္းဖြယ္ေကာင္းပါတယ္။ မေတာ္တဆမႈျဖစ္ပြားခ်ိန္မွာ ေခြးဟာ ကားထဲမွာ ရွိေနခဲ့တာလား ဆိုတာေတာ့ မသိရွိရေသးေသာ္လည္း ေဒသခံေတြက ေခြးေလးဟာ ထိုေနရာမွာဘဲ ေစာင့္ေနခဲ့တယ္လို႔ ဆိုၾကပါတယ္။

ေခြးကို အဲ့ေနရာမွာ ေျပာင္းေ႐ႊ႕ရန္ ႀကိဳးစားေပမဲ့လည္း သူ႔သခင္မေတာ္တဆျဖစ္ခဲ့တဲ့ေနရာကို သူအၿမဲျပန္လာေနတာကိုေတြ႕ျမင္ၿပီးေနာက္ လူေတြက သူ႔အတြက္ အမိုးအကာတစ္ခု တည္ေဆာက္ေပၿပီး ေန႔စဥ္သူ႔ကို အစားအစာ နဲ႔ ေရေတြ ယူလာေပးၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*